Hitachi နှင့် Nissan တို့က မီနီအီးဗီ ဘက်ထရီဖြင့် ဓာတ်လှေကား ၁၅ နာရီ သုံးစွဲ


Hitachi နှင့် Nissan တို့က မီနီအီးဗီ ဘက်ထရီဖြင့် ဓာတ်လှေကား ၁၅ နာရီ သုံးစွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အသစ်တီထွင်ထားတဲ့ adapter ကြားခံ သုံးပြီး မီနီအီးဗီ ဘက်ထရီဖြင့် အဆောက်အဦတစ်ခုမှ ဓာတ်လှေကားကို အတက်အဆင်း သုံးစွဲခဲ့ကြပါတယ်။
လျှပ်စစ်ကား ဘက်ထရီက အဆောက်အဦများအတွက် အရေးပေါ် လျှပ်စစ်ဓာတ်အား လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
.
Hitachi နှင့် Nissan Motor တို့သည် မကြာသေးမီက စမ်းသပ်မှုတစ်ခု ပြုခဲ့ရာ၌ ဓာတ်လှေကား တစ်စီးအား လျှပ်စစ်မီနီကား ဘက်ထရီဖြင့်  ဆက်တိုက် ၁၅ နာရီနီးပါး အသုံးပြုခဲ့ကြပါတယ်။
.
အရေးပေါ်အခြေအနေတွင် လျှပ်စစ်ကားများကို ပါဝါအရင်းအမြစ်အဖြစ် မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြခဲ့ကြပါတယ်။
 .
အဆိုပါစမ်းသပ်မှုတွင် သုံးစွဲခဲ့တဲ့ Nissan Sakura EV တွင် ၂၀ ကီလိုဝပ်နာရီ ဘက်ထရီ တစ်လုံး  တပ်ဆင်ထားပါတယ်။ အထူးကြားခံစနစ် adapter ခံပြီး ၎င်းဘက်ထရီဖြင့် ၆ ထပ်တိုက် အဆောက်အဦတစ်ခုကို လျှပ်စစ်ဓာတ်အား ပေးထားပါတယ်။ ၎င်းကြားခံစနစ် adapter ကို Hitachi Building Systems က တီထွင်ဖန်တီးပေးထားပါတယ်။ 
၎င်း ၆ ထပ်တိုက် အဆောက်အဦ၏ ဓာတ်လှေကားသည်  ကားဘက်ထရီအား ၁၀ ရာခိုင်နှုန်းသာ ကျန်တော့သည်အထိ မရောက်ခင်မှာ အတက်အဆင်း ၄၁၆ ကြိမ်တိုင်တိုင် ရွေ့လျားနိုင်ခဲ့ပါတယ်။ 
ကားဘက်ထရီဖြင့် ပြင်ပကို ဓာတ်အားပေးတဲ့အခါ လက်ကျန် ၁၀% ဟာ မိုင်ကုန် ဖြစ်ပါတယ်။
Hitachi က အဆိုပါ adapter ကို ယခုနှစ်မှ စတင်ရောင်းချရန် ရည်မှန်းထားပါတယ်။
ဓာတ်အားပြတ်တောက်မှုနှင့် အခြားအရေးပေါ်အခြေအနေများအတွင်း လျှပ်စစ်မီးအတွက် လျှပ်စစ်ကားဘက်ထရီ အသုံးပြုလိုတဲ့ ကုမ္ပဏီများနှင့် စည်ပင်သာယာရေး အာဏာပိုင်များထံ ရောင်းချဖို့ ရည်မှန်းထားပါတယ်။
 .
 
ကမ္ဘာ့ဈေးကွက်ရဲ့ "အရာတိုင်းအတွက် မော်တော်ယာဉ်" vehicle-to-everything (V2X) နည်းပညာမှာ အီးဗီတွေကို အဆောက်အဦးတွေကို လျှပ်စစ်ဓာတ်အားပေးဖို့ သုံးစွဲတာလည်း ပါဝင်ပြီး ဈေးကွက်အရွယ်အစားက ၂၀၂၈ မှာ ၂၀၂၂ ထက် ၇.၅ ဆ ပိုမိုကြီးထွားသွားမှာဖြစ်ပြီး ကန်ဒေါ်လာ ၁၉.၅ ဘီလီယံအထိ ရောက်ရှိသွားလိမ့်လို့ တိုကျိုအခြေစိုက် Research Station က ကြိုတင်ခန့်မှန်းထားပါတယ်။
Source nikkei asia 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 306 times