သမိုင်းထဲမှအဆင့်ဆင့်ပြောင်းလဲလာသည့်ကနဦးမော်တော်ယာဉ်တီထွင်မှု


မော်တော်ယာဉ်ကိုပထမဆုံးဘယ်သူစထွင်ခဲ့သလဲနှင့်ပတ်သက်ပြီး ရေရာတိကျသည့်အဖြေဖြေပေးနိုင်မည်ဟု မထင်မိပါ။

သို့သော် ၁၅ ရာစုအနောက်ဘက်ပိုင်းလောက်တွင်လီယိုနာဒိုဒါဗင်ချီက ဘီးတပ်ပြီးလှိမ့်သွားနိုင်သည့်သယ်ယူ ပို့ဆောင်ရေးယာဉ်တစ်မျိုးကစတင်ပြီးတည်ထွင်ခဲ့ပါသည်။

သမိုင်းထဲကလမ်းမများပေါ်တွင်စီးနင်းမောင်းနှင်နိုင်သည့် ယာဉ်အမျိုးအစားအများကြီးပါသည်။

ရေနွေးငွေ့နှင့်မောင်းနှင်ခြင်းမှစ၍ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့များအဆုံးအမျိုးအစားအစုံအလင်နှင့်အဆင့်ဆင့် ဆန်းသစ်တီထွင်မောင်းနှင်လာခဲ့ကြခြင်းဖြစ်ပါသည်။

ယင်းနည်းလမ်းမျိုးစုံမောင်းနှင်ခဲ့ကြသည့်အထဲတွင်အချိန်ကြာကြာနှင့်ယနေ့ခေတ်အတွက် တကယ့်ကိုအကျိုးဖြစ်ထွန်းအသုံးကျစေသည့်မောင်းနှင်မှုစနစ်ကတော့ ၁၈၈၅/၁၈၈၆ ခုနှစ်ပိုင်းလောက်တွင်တီထွင်ခဲ့သည့် ဂျာမနီနိုင်ငံသားကားလ်ဘင့်ဇ်၏ သဘာဝဓာတ်ငွေ့မောင်းနှင်မှုစနစ်တစ်ခုဖြစ်ပါသည်။

မော်တော်ယာဉ်များအတွက်ခေတ်တစ်ခေတ်ပြီး တစ်ခေတ်ဆန်းသစ်တီထွင်လာခဲ့သည့် ရှေးအကျသမိုင်းမှတ်တမ်းများအရ 

၁။ ၁၇၆၉ ခုနှစ်၊ ပြင်သစ်နိုင်ငံတွင်နီကိုးလက်စ်ဂျိုဆန်ဆိုသူကရေနွေးငွေ့သုံးတစ်နာရီ ၂ ဒသမ ၅ မိုင်နှုန်းမောင်းနှင်သည့် သုံးဘီးယာဉ်ကိုတီထွင်ခဲ့ပြီး လမ်းမပေါ်တွင်စတင်မောင်းနှင်ခဲ့ပါသည်။

၂။၁၈၃၂-၁၈၃၉ ခုနှစ်အကြားစကော့တလန်နိုင်ငံတွင် ရောဘတ်အက်ဒ်ဒါဆန်ဆိုသူကတစ်ယောက်ထက်ပိုစီး နိုင်သည့် လူစီးတွဲလျှပ်စစ်စွမ်းအင်သုံးယာဉ်ကိုတီထွင်လိုက်ပါသည်။

၃။၁၈၈၅-၁၈၈၆ ခုနှစ်ဝန်းကျင်လောက်တွင် ဂျာမနီနိုင်ငံတွင် ကားလ်ဖရိုက်ရစ်ချ်ကသဘာဝဓာတ်ငွေ့စွမ်းအင်သုံးကာ အင်ဂျင်အတွင်းပိုင်းမှမီးလောင်ကျွမ်းစေပြီး ထွက်လာသည့်စွမ်းအင်သည့်မောင်းနှင်နိုင်သည့်သုံးဘီး၊ လေးဘီးလူတင်ဆောင်နိုင်သည့်ကိုယ်ထည်ရှိဘီးတပ် ယာဉ်တစ်မျိုးကိုတီထွင်ခဲ့ပြန်ပါသည်။

၄။၁၈၈၆ ခုနှစ်တွင်ဂျာမနီနိုင်ငံမှာပဲဂေါ့လီးအက်ဝီဟန်လ်ဒိန်မလာနှင့် ဝီဟန်လ်မေဘက်ချ်တို့နှစ်ဦးပေါင်းပြီး ပထမဦးဆုံးလေးဘီးတပ်၊ ပထမဆုံးသော four-stroke အင်ဂျင်(ကန်နက်စတက်ဒိန်မလာ) အမည်ရှိသည့်အင်ဂျင်တပ်ယာဉ်ကို စတင်တီထွင်ခဲ့ပါသည်။

၅။၁၈၇၆-၁၈၉၅ ခုနှစ်အကြားအမေရိကန်ပြည်ထောင်စုတွင် ဂျော့ဘယ်ဒ်ဝင်းဆိုသူအမျိုးသားကသဘာဝစွမ်းအင်ဓာတ်ငွေ့သုံး အင်ဂျင်တပ်ယာဉ်ကိုပဲတီထွင်ခဲ့ပြီး သူ၏ယင်းကားကတော်ဝင်မိသားစုများစီးနင်းနိုင်သည့်ခမ်းနားသည့်ယာဉ်တော့မဖြစ်လာခဲ့ပါ။

၆။၁၈၉၃ခုနှစ်တွင်အမေရိကန်ပြည်ထောင်စုကဒါရီရာညီအစ်ကိုနှစ်ဦးကအောင်မြင်အကျိုးဖြစ်ထွန်းသည့်သဘာဝစွမ်းအင်ဓာတ်ငွေ့သုံးယာဉ်ကိုဆက်လက်တီထွင်နိုင်ခဲ့ဲပြန်ပါသည်။

Two-stroke အင်ဂျင်မှမြင်းကောင်ရေလေးကောင်အားထွက်ယင်းကားကကားတီထွင်မှုထဲတွင်အကောင်းဆုံး မောင်းနှင်နိုင်ခဲ့သည့်အတွက်အမေရိကန်ကားထုတ်လုပ်ရေးသမိုင်း၏ ပထမဆုံးကားထုတ်လုပ်ရေးတစ်ခုအဖြစ် တည်ထောင်ခဲ့ပါသည်။

Source:icar

Read 1596 times