Mini Cooper လေးရဲ့ ရာဇဝင်


Mini ဆိုတာနဲ့ ကားအသေးစားလေးဆိုပြီး အထင်မသေးလိုက်ပါနှင့်။

ကားရဲ့ performance ကတော့ အရွယ်အစားနဲ့ မလိုက်ပါဘူး။

တကယ်တော့ Mini cooper ကိုပြိုင်ပွဲမှာသုံးဖို့ရည်ရွယ်ချက်နဲ့ ထုတ်ထားတာမဟုတ်ပဲ မိသားစုသုံးကားအနေနဲ့ထုတ်ထားတာဖြစ်ပါတယ်။

1950 ခုနှစ်က BMC (Bristish Motor Corporration ) ကားဒီဇိုင်းနာတစ်ယောက်ဖြစ်တဲ့ Sir Alec Issigonis က ဈေးနှုန်းသက်သာပြီး မိသားစုသုံးကားလေးကို တည်ဆောက်ချင်တဲ့ idea လေး စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

သူက ကားအရှည်ကို 10 ပေအတွင်းတည်ဆောက်ချင်ပြီး ကားမောင်းတဲ့သူကော ၊ ကားစီးတဲ့သူပါ သက်တောင့်သက်တာဖြစ်မယ်လို့တွေးထားပါတယ်။ ဒီတော့ ကုမ္ဗဏီမှာရှိတဲ့ designers တွေကိုစုစည်းပြီး နောက်ဆုံးကားအရှည်ကို 8 ပေ 6 လက်မလောက်သတ်မှတ်လိုက်ပါတယ်။ 18 လက်မကတော့ အရှေှု့အင်ဂျင်အတွက်နေရာချန်ထားပါတယ်။ ပြီးတော့ ဘီးကလဲ သာမာန်ထက်သေးပြီး Dunlop ကုမ္ဗဏီက သီးသန့်ထုတ်ပေးထားပါတယ်။

Mini ရဲ့ပထမဦးဆုံးရှေ့ပြေးကို 7 လလောက်အချိန်သုံးပြီး ပြုလုပ်ထားပါတယ်။ ဒီလိုနဲ့ပြုပြင်စရာလေးတွေ စမ်းသပ်ပြုပြင်ခဲ့ပြီး 1959 ခုနှစ်ရောက်သွားတဲ့ချိန်ကြတော့ “Austin Seven” လို့နာမည်ပေးပြီး ဈေးကွက်ထုတ်ခဲ့ပါတယ်။

ပြီးနောက် “Morris Mini Minor” လို့နာမည်ပြောင်းပြီး၊ နောက်ဆုံး Austin Mini လို့နာမည်ပြောင်းလိုက်ပါတယ်။ British မိသားစုရဲ့ နှစ်သက်သဘောကျမှုကိုရရှိခဲ့ပါတယ်။

ဒီကားသေးသေးလေးက ကမ္ဘာကျော်ပြိုင်ကားသမား John Cooper ကြောင့်နာမည်ကြီးခဲ့ပါတယ်။ သူက Mini ကိုပြောင်းလဲမှုလုပ်ပြီးတော့ ပြိုင်ပွဲကိုလွယ်လွယ်နဲ့နိုင်ခဲ့ပါတယ်။

John Cooper နဲ့ Team က Mini ကားကိုပိုကောင်းအောင်ပြောင်းလဲလိုက်ပြီး နောက်ဆုံး Mini Cooper လို့နာမည်ပေးလိုက်ပါတယ်။ ဒီ Mini Cooper နဲ့ “Monte Carlo” မှာအနိုင်ယူနိုင်ခဲ့ပါတယ်။

သို့သော်အစပိုင်းတွင် Sir Alec Issigonis က ပြိုင်ပွဲတွင် ထည့်သွင်းဖို့အတွက် သဘောမတူခဲ့ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူက mini ကိုမိသားစုသုံးကားအဖြစ်ပဲဖြစ်စေချင်ပါတယ်။ သို့သော်လည်း Cooper က mini car ကိုနာမည်ကျော်ကြားအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။

နောက်ပိုင်းကြော်ငြာလုပ်တဲ့နေရာမျာ Mini cooper ကိုပိုပြီးတော့ cool ဖြစ်အောင်လုပ်လာကြပြီးတော့ ရုပ်ရှင်တော်တော်များများကလဲ Mini Cooper ကိုသုံးလာကြတဲ့အခါ လူတော်တော်များများကိုကြိုက်နှစ်သက်ပြီး ပိုင်ဆိုင်ချင်လာကြပါတယ်။

2014 မှာ Mini ကတစ်ကမ္ဘာလုံး အစီးရေ 302,183 စီးထုတ်လုပ်ရောင်းချခဲ့ပါတယ်။

Read 3083 times