ကမ္ဘာကျော် လန်ဘော်ဂီနီ (Lamborghini) ရဲ့နောက်ကြောင်း


လန်ဘော်ဂီနီ လို့ဆိုလိုက်ရင် ကမ္ဘာ့ထိပ်တန်း ကားအမျိုးအစားတစ်မျိုးဖြစ်ကြောင်းအများစု သိကြမှာပါ။

အီတလီလူမျိုး Ferruccio Lamborghini ဆိုသူ စက်မှုအင်ဂျင်နီယာတစ်ယောက် က ၁၉၆၃ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။

အစတုန်းက လန်ဘော်ဂီနီဟာ လယ်ထွန်စက် နဲ့ အပိုပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက Ferrari ပြိုင်ကားတွေဟာ အလွန်နာမည်ကြီးနေတဲ့အချိန်ပါ။

Ferruccio မှာ Ferrari နာမည်ကြီးကားဖြစ်တဲ့ Ferrari 250GT တစ်စီးရှိပါတယ်။

တစ်နေ့ သူ့ကားကို service စင်တာမှာသွားပြင်ရင်း Ferrari မှာ သုံးတဲ့ ကလပ်ချ်(clutch) ကိုသူထုတ်လုပ်ပေး လို့ရကြောင်း သိလာတယ်။

ဒါကြောင့် Ferrari ပိုင်ရှင် Enzo Ferrari ဆီကို သူ့စက်ရုံကနေ ကလပ်ချ်တွေထုတ်ပေးနိုင်ကြောင်း ကမ်းလှမ်းခဲ့တယ်။

ဒါပေမယ့် သူ့ဆီပြန်လာတဲ့အဖြေက..

"မင်းက ခပ်ညံ့ညံ့ထွန်စက်တွေပဲ ထုတ်တတ်တာပါ ၊ ပြိုင်ကားအကြောင်း မင်းဘာမှမသိပါဘူး" တဲ့။

ဒီလိုဆိုးရွားတဲ့အဖြေကြောင့် သူဒေါသအတော်ထွက်သွားပါတယ်။ ဒေါသနဲ့ အတူ မခံချင်စိတ်ပါပါလာပါတယ်။

အဲဒီနောက်တော့သူဟာ ပြိုင်ကားတွေအကြောင်းကို အမျိုးမျိုးလေ့လာတယ် ၊ စမ်းသပ်တယ် ၊ သူလုပ်ချင်တဲ့ ပြိုင်ကားဒီဇိုင်းကို အကောင်းဆုံးဆွဲပြီး မနားမနေကြိုးစားခဲ့တယ်။

နောက် ၄ လ ကြာတဲ့အချိန်မှာတော့ သူ့ရဲ့ပထမဆုံးပြိုင်ကား Lamborghini 350GTV ကို မြန်မြန်ဆန်ဆန်ပဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ယနေ့ဆိုရင်တော့ လန်ဘော်ဂီနီဟာ ကမ္ဘာ့ထိပ်တန်းကားတံဆိပ်တစ်ခု အဖြစ်အောင်မြင်နေပြီဖြစ်ပါတယ်။

မခံချင်စိတ်ကို တုန့်ပြန်တဲ့အခါမှာ ဒီနည်းလမ်းကအကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်လည်း "မခံချင်လို့တစ်စုံတစ်ယောက်ကို ခွန်းတုန့်ပြန်တာ ၊ ရန်လုပ်တာထက်ပိုကောင်းတဲ့ နည်းလမ်းက သူ့ထက်အောင်မြင်အောင်ကြိုးစားပြလိုက်တာပဲ ဖြစ်တယ်" လို့ ပညာရှိတွေက ဆိုခဲ့ကြတာပါ။

Read 957 times