HiPhi ဒုတိယမော်ဒယ် HiPhi Z  ပထမအသုတ် ထုတ်လုပ်မှုစတင်


HiPhi ဒုတိယမော်ဒယ် HiPhi Z  ပထမအသုတ် ထုတ်လုပ်မှုစတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


HiPhi သည် 2nd မော်ဒယ် HiPhi Z  အလုံးအရင်းဖြင့် ထုတ်လုပ်မှုကို စတင်ခဲ့ပြီး ဇန်န၀ါရီလတွင် စတင်ရောင်းချမည်ဖြစ်သည်။
HiPhi Z coupe သည် ရောင်းဈေး ယွမ် ၆၁၀,၀၀၀ ရှိပြီး ၂၀၂၂ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်လုပ်မှုလိုင်းမှ ပထမဆုံးထုတ်လုပ်သည့်ကားများ စတင်ထွက်ရှိခဲ့ပါသည်။

 တရုတ်ပရီမီယံလျှပ်စစ်ကား  ထုတ်လုပ်သူ Human Horizons မှ HiPhi အမှတ်တံဆိပ်၏ ဒုတိယမော်ဒယ် HiPhi Z ကို ၂၀၂၂ ဩဂုတ်လတွင် မိတ်ဆက်ခဲ့ပြီး ကြိုတင်အမှာစာများ စတင်လက်ခံခဲ့ပါသည်။
ပထမအသုတ် ကားများကို တရုတ်ပြည်ရှိ မြို့ကြီးများမှ မှာကြားသူများထံ စတင်ပေးပို့ ပါသည်။ 
စမ်းသပ်မောင်းနှင်ရန်အတွက် HiPhi Z ကားများသည် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံရှိ မြို့ကြီးများ အသီးသီးရှိ HiPhi Hub အရောင်းပြခန်းများသို့ စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
HiPhi brand ထူထောင်သူနှင့် စီအီးအို Ding Lei က ယခုနှစ်အတွင်း အီးဗီလုပ်ငန်းကဏ္ဍတွင် အခက်အခဲ အမျိုးမျိုး အများအပြားရှိနေသော်လည်း HiPhi Z ကားများကို မူလအချိန်ဇယားအတိုင်း ထုတ်လုပ်နိုင်ခဲ့သည်ဟု ပြောကြားသည်။ 

 

Human Horizons သည်  စျေးနှုန်းအမြင့်ဆုံး ပြည်တွင်းထုတ် တရုတ်အမှတ်တံဆိပ်ဖြစ်သည့် HiPhi အမှတ်တံဆိပ်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။

HiPhi X SUV ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် စတင်ရောင်းချခဲ့ပြီး ထိုင်ခုံခြောက်လုံး ဗားရှင်းအတွက် ရောင်းဈေး ယွမ် ၅၇၀,၀၀ ($81,800)သတ်မှတ်သည်။ ထိုင်ခုံလေးလုံး ဗားရှင်းကို ရောင်းဈေး ယွမ် ၈၀၀,၀၀၀၀ သတ်မှတ်သည်။ ၂၀၂၁ မေလ ၈ ရက်တွင် အမှာစာများထံ စတင်ပေးပို့ခဲ့သည်။
HiPhi X  ရောင်းချခဲ့ရာတွင် ထူးခြားချက်မှာ ဝယ်ယူသူများထဲတွင် ၆၀% ကျော်သည် NIO မှ ထုတ်လုပ်သည့် အီးဗီ ရှိထားသူများဖြစ်ပြီး HiPhi X ကို ထပ်ဝယ်ကြခြင်း ဖြစ်ကြောင်း Auto Home မှ ပြုလုပ်ခဲ့သည့် စစ်တမ်းအရ သိရသည်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် HiPhi သည် ချန်ဒူး မော်တော်ကားပြပွဲ ပထမနေ့တွင် HiPhi Z ကို မိတ်ဆက်ခဲ့သည်။ ရောင်းဈေးများမှာ ထိုင်ခုံငါးလုံး ဗားရှင်း ယွမ် ၆၁၀,၀၀၀ ဖြစ်ပြီး ထိုင်ခုံလေးလုံး ဗားရှင်း ယွမ် ၆၃၀,၀၀၀ ဖြစ်သည်။
HiPhi Z coupe အရွယ်စားမှာ အလျား 5,036 mm ၊ အကျယ် 2,018 mm ၊ အမြင့် 1,439 mm ၊ ရှေ့ဘီးနှင့် နောက်ဘီးကြားအကွာအဝေး ဝှီးဘေ့စ် 3,150 mm ဖြစ်ပါသည်။
120-kWh ဘက်ထရီ သုံးစွဲထားပြီး ခရီးတာ ၇၀၅ ကီလိုမီတာ ရပါသည်။
247 kW မော်တာ တစ်လုံးစီ ရှေ့နှင့်နောက်တွင် တပ်ဆင်ပေးထားသည်။ မော်တာ ၂ လုံးပေါင်း ပါဝါ 494 kW နှင့် ရုန်းအား 820 Nm အထိ ထုတ်ပေးနိုင်သည်။ 0 - 100 km/h ကို ၃.၈ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။
နောက်မြီးတောင်ပံ တပ်ဆင်ပေးထားပြီး အမြန်နှုန်း 80 km/h ရောက်လျှင် အလိုအလျောက် ပွင့်သည်။ လူမှလည်း အဖွင့် အသိမ်း လုပ်နိုင်ပါသည်။



Source cnevpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2323 times