၁၉၈၈နောက်ပိုင်းမြန်မာနိုင်ငံမှ ထွက်ခွာသွားသည့်ဂျပန်နိုင်ငံ၏နာမည်ကြီးဟီးနိုးကားကုမ္ပဏီသည် မြန်မာနိုင်ငံ ဈေးကွက်သို့ပြန်လည်ဝင်ရောက်လာပြီဟု မေလ ၁၉ ရက်တွင်တရားဝင်မိတ်ဆက်ခဲ့သည်။
ရန်ကုန်မြို့တွင်အမှတ်(၃)လမ်းမနှင့်မန္တလေးမြို့တို့၌ဟီးနိုးအရောင်းပြခန်းဖွင့်လှစ်ထားပြီးမြန်မာနိုင်ငံတွင်ယနေ့အထိအသုံးပြုနေသောဟီးနိုးထရပ်ကားနှင့်ဘတ်စ်ကားများကိုလည်း၎င်းတို့တွင်ရှိသောအပိုပစ္စည်းများဖြင့်ပြန် လည်ပြင်ဆင် ပေးမည်ဟုဟီးနိုးကုမ္ပဏီအထွေထွေမန်နေဂျာကပြောသည်။
ဟီးနိုးကို Summit SPA Motor ကုမ္ပဏီကမြန်မာပြည်ဈေးကွက်ကိုယ်စားလှယ်အဖြစ်ရရှိပြီး ဖြန့်ချိရောင်းချခြင်းဆိုင်ရာသဘောတူညီမှုကိုပြီးခဲ့သည့်ဧပြီလကလက်မှတ်ရေးထိုးထားကာ Summit SPA Motor သည် FMI လက်အောက်ခံကုမ္ပဏီဖြစ်သည်။
ဟီးနိုးသည်ကမ္ဘာ့နိုင်ငံပေါင်း၈၀တွင်ထရပ်နှင့်ဘတ်စ်ကားများအပြင်ယာဉ်အပိုပစ္စည်းများရောင်းချသောနာမည်ကြီး ထရပ်ကားကုမ္ပဏီဖြစ်သည်။
ယခင်ကဟီးနိုးထရပ်ကားကုမ္ပဏီသည်မြန်မာနိုင်ငံတွင်ကုန်းလမ်းပို့ဆောင်ရေးနှင့်ပူးပေါင်းပြီးမော်တော်ယာဉ် ထုတ် လုပ်နိုင်ခဲ့သည်အထိအောင်မြင် ခဲ့သည်။
မြန်မာနိုင်ငံတွင်ထရပ်ကားဈေးကွက်အများဆုံးရသောကုမ္ပဏီဖြစ်ခဲ့ပြီး၁၉၈၈နောက်ပိုင်း၌ပြည်တွင်းစီးပွားရေး တွင် ခိုင်မာသောအခြေအနေမရှိသောကြောင့် ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလကအစိုးရနှင့်ပူးပေါင်းပြီးတစ်နိုင်ငံလုံးတွင်ထရပ်ကားအစီးရေနှစ်သောင်းကျော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချ နိုင်ခဲ့ကြောင်းဟီးနိုး ကုမ္ပဏီကထုတ်ပြန်သည်။