Hilux Surf 2013


ယင်းကားအမျိုးအစားသည် ညဘက်တွင်ဖြစ်စေ၊ မိုးရွာထဲတွင် ဖြစ်စေ မောင်းနှင်သည့်အခါ အဆင်ပြေစေမည့် ကားတစ်စီးဖြစ်ပါသည်။

၂၀၁၃ မော်ဒယ်တွင် SSR-X AMERCAN VERSION,SSR-X နှင့် SSR-G ဟူ၍ ဂရိတ်ခွဲ ၃ မျိုးရှိပါသည်။

AMERICAN VERSION မှာအနိမ့်ဆုံးဖြစ်ပြီး SSR-G သည်အမြင့်ဆုံးဖြစ်ပါသည်။

အင်ဂျင်ပါ၀ါအတွက် 2.7l, 3.0L နှင့် 3.4L တို့ကိုရွေးချယ်နို်င်မည်ဖြစ်ပါသည်။

3.0L မှာဒီဇယ်ဖြစ်ပြီး လူကြိုက်နည်းပါသည်။

3.0 မှာ ကားလောကအခေါ်အရ နှာပေါက်ပါလာသည်ဟု လူသိများသော်လည်း ဒီဇယ်ကို ထုံးစံအတိုင်းလူကြိုက်နည်းပါသည်။

2.7L နှင့် 3.4 တို့ကတော့ ဓာတ်ဆီအင်ဂျင်ဖြစ်ပါသည်။

2.7L အတွက် RZN210Wနှင့် RZB215W ဟူ၍ ရှိပါသည်။

ထိုထဲမှ 210W မှာနှစ်ဘီးယက်များဖြစ်ပြီး 215W မှာလေးဘီးယက်သာဖြစ်ပါသည်။

လေးဘီးယက်မှာ part time ဖြစ်သောကြောင့် နှစ်ဘီးယက်ထက်စာလျှင် ပိုအဆင်ပြေစေမည်ဖြစ်ပါသည်။

SSR-G မှာလေးဘီးယက်သီးသန့်ဖြစ်ပါသည်။

SSR-X American Version

ကားတံခါးအဆင်လေးက ခြေကျော်မီးလေးမပါပါဘူး။

ထိုင်ခုံမှာ ရှန်မွိုင်းများဖြစ်ပြီး အထူးခြားဆုံးမှာ ဘီးပေါင်းအမိုးလေးမှာ ပင်နယံပုံလေးဖြစ်ပါသည်။

အလွိုင်းဘီးလည်းမဖြစ်သေးပဲ အဲကွန်းမှာလည်း ခလုတ်နဲ့ဖြစ်ပါသည်။

2WD/4WD ပြောင်းတာကဂျောက်ဂျက်ဖြစ်ပြီး 4WD တွင်သာ ပါမည်ဖြစ်ပါသည်။

SSR-X

အလွိုင်းဘီးဖြစ်လာပြီး အဓိကလိုချင်သည့် ဒက်ရှ်ဘုတ်မှာ ကျွန်းသားတစ်မျိုးဟု လူသိများသည့် marble တော့မဖြစ်သေးပါဘူး။

 SSR-G

သူကတော့ အမြင့်ဆုံးပါ။ နောက်ဖုံးမှာ step လှေကားလေးတစ်ခု ပါလာပြီး အထပ်တစ်ထပ် ပိုပါလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ရှော့ဘားတွေကို ချိန်ညှိပေးတဲ့ Auto TEMS (Toyota Electronic Modulated Suspension) ဖြစ်လာပါပြီ။

ထိုကြောင့် လေအိတ်ကားအလား အထင်မှားစရာပါ။ အနောက်မှာ ဘားတန်းပါလာသလို၊ sun roof လည်း ပါလာပါသည်။

စွမ်းဆောင်ရည်နဲ့ စျေးနှုန်း

2.7L အင်ဂျင်ကို အော်တိုဂီယာနဲ့ တွဲဖက်ပေးထားပါသည်။

မြင်းကောင်ရေ ၁၅၀ အားကို ရရှိစေမှာပါ။ စျေးကတော့ ( ခန့်မှန်း) ၃၈၀ သိန်း ၀န်းကျင်လောက်ရှိမှာ ဖြစ်ပါသည်။

 

Read 7483 times