ထိုင်းတွင် တိုယိုတာ အီးဗီ ဟိုင်းလပ် စမ်းသပ်မောင်းနှင်အဆင့် ရောက်ရှိ


ထိုင်းတွင် တိုယိုတာ အီးဗီ ဟိုင်းလပ် စမ်းသပ်မောင်းနှင်အဆင့် ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


တိုယိုတာသည်  HiLux Revo BEV (battery electric vehicle) (ဘက်ထရီသုံး လျှပ်စစ်ကား) ကို ယမန်နှစ်က ထုတ်ဖော်ပြသခဲ့သော်လည်း မည်သည့်အချိန်တွင် စတင်ရောင်းချမည်ကို ပြောကြားခြင်း မရှိသေးပေ။

ယခုအခါ ထိုင်းနိုင်ငံတွင် တိုယိုတာသည် လျှပ်စစ်ပစ်ကပ်ထရပ်ကားအသစ်ကို မကြာမီ စမ်းသပ်တော့မည်ဖြစ်ကြောင်း အမှုဆောင်အရာရှိတစ်ဦးက ပြောကြားသည်။

ထိုင်းအီးဗီဈေးကွက်ကို လွှမ်းမိုးထားသော တရုတ်အီးဗီ ထုတ်လုပ်သူများကို တိုယိုတာက အီးဗီ ပစ်ကပ်ထရပ်ဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။


တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံတွင် စျေးကွက်ဝေစုကို လျင်မြန်စွာ ရရှိနေပြီး ထုတ်လုပ်မှု အဆောက်အအုံအသစ်များအတွက် ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ဒေါ်လာ ၁.၅ ဘီလီယံခန့် ကတိပြုထားသည်။ တရုတ်ပြည်တွင်း ဈေးကွက်တွင်ရောင်းအား နှေးကွေးနေပြီး အပြိုင်အဆိုင် ကြမ်းနေသဖြင့် နိုင်ငံရပ်ခြားသို့ ဈေးကွက် ချဲ့ထွင်နေကြသည်။ 

Toyota Daihatsu Engineering & Manufacturing ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Pras Ganesh က ကုမ္ပဏီမှ  အင်ဂျင်နီယာများသည် လျှပ်စစ်ပစ်ကပ် မော်ဒယ်များကို ဒေသအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံတွင် အီးဗီ သုတေသနနှင့် ဖွံ့ဖြိုးရေး စွမ်းရည်ကို တည်ဆောက်နေကြောင်း ပြောကြားသည်။

တိုယိုတာတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာများ ကမ္ဘာတစ်လွှားတွင် ၅ ခု ရှိရာ၌ ထိုင်းနိုင်ငံတွင် စင်တာတစ်ခု ထားရှိသည်။

တိုယိုတာသည် လျှပ်စစ် SUV မော်ဒယ် bz4X ကို ယမန်နှစ်က ထိုင်းနိုင်ငံတွင် စတင်ရောင်းချခဲ့သည်။ 
bz4X ရောင်းအားသည် BYD နှင့် Great Wall Motor တို့၏ ရောင်းအားအသီးသီးကို မယှဉ်သာချေ။

ပစ်ကပ်ထရပ်ကားများသည် ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်ဈေးကွက်အတွက် အရေးပါလျက်ရှိပြီး ယမန်နှစ်က မော်တော်ယာဉ်ရောင်းချရမှု၏ ထက်ဝက်နီးပါးရှိသည်။

တိုယိုတာသည် တစ်တန် ပစ်ကပ်ထရပ် ဈေးကွက်အပိုင်းအကန့်တွင် ယခုနှစ် ပထမ ၉ လတွင် ဈေးကွက်ဝေစု ၃၉% ဖြင့် ဒုတိယနေရာ ရရှိထားသည်။ 
အီစူးဇူးသည် ဈေးကွက်ဝေစု ၄၆% ဖြင့် ပထမ နေရာ ရရှိသည်။

ထိုင်းကားအသစ်ဈေးကွက်တွင် တိုယိုတာသည် ဈေးကွက်ဝေစု ၃၄% ဖြင့် ဦးဆောင်နေသည်။

 

 

 

ထိုင်းနိုင်ငံတွင် ပစ်ကပ်ထရပ်ကို ခရီးသည်တင်ယာဉ် ဆောင်ထောင် songthaew အဖြစ်လည်း အသုံးများကြသည်။ သို့ဖြစ်ရာ ဘက်ထရီသုံး အီးဗီ ဟိုင်းလပ် ပစ်ကပ်ထရပ်ကို ပတ္တယားတွင် songthaew အဖြစ် စမ်းသပ် အသုံးပြုမည်ဟု Ganesh က ပြောကြားသည်။ စမ်းသပ်မှုကို မကြာမီ လအနည်းငယ်အတွင်း စတင်မည်ဖြစ်ရာ ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ဖြစ်မည်ဟု Ganesh က ပြောကြားသည်။

ထိုနောက် အိမ်တိုင်ရာရောက် ပစ္စည်းများ လိုက်လံပေးပို့သည့် ဝန်ဆောင်မှုတွင်လည်း ဘက်ထရီသုံး အီးဗီ ဟိုင်းလပ် ပစ်ကပ်ထရပ်ကို စမ်းသပ် သုံးစွဲမည် ဖြစ်သည်။ 

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 5050 times