အမြန်လမ်းမကြီးတလျောက် ယာဉ်မောင်းနှင်ရာတွင် ယာဉ်အလိုက် သတ်မှတ်ထားသည့်အရှိန်နှုန်း အတိုင်းသာ မောင်းနှင်ကြရန် သတိပေးချက်ထုတ်ပြန် အမြန်လမ်းမ ကြီးတလျောက် ယာဉ်မောင်းနှင်ရာတွင် ယာဉ်အလိုက် သတ်မှတ်ထားသည့်အရှိန်နှုန်း အတိုင်းသာ မောင်းနှင်ကြရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သတိပေးချက်ယနေ့ထုတ်ပြန်သည်။
COVID -19 ကူးစက်ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေး အစီအမံများကြောင့် အမြန်လမ်း မကြီး တလျောက် ခရီးပြည်သူယာဉ်များ သွားလာမှုအရေအတွက် အဆမတန် လျော့နည်းသွားခဲ့ရာမှ ယခု အချိန်တွင် ခရီးသွားယာဉ်များ သွားလာမှု ပုံမှန်အနေအထား သို့ ရောက်ရှိလာပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး Guard rails တန်းများ တိုက်မိ ကာလူ ထိခိုက်ဒဏ်ရာရ ဖြစ်စဉ်များ ဖြစ်ပွားလျက် ရှိပါသည်။
သို့ဖြစ်ပါရျ် သတ်မှတ် အရှိန်နှုန်း ကျော်လွန် မောင်းနှင်မှု ရှိမရှိ တိုင်းတာ စိစစ်ပြီး တရားရုံး မှလိုအပ်သလိုပြစ်ဒဏ်စီရင်နိုင်ရေး လုပ်ငန်းများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ခရီးသွားပြည်သူများ [=
တရားရုံးတွင် ပြစ်ဒဏ် စီရင်မှုမခံရစေရေးနှင့် ခရီးသွားနေစဉ် အန္တရာယ်ကင်းရျ် မလိုလားအပ်သောစိတ် အနှောင့် အ ယှက်မဖြစ်စေရေး အတွက် အမြန်လမ်းမ ကြီးတလျောက် ယာဉ်မောင်းနှင်ရာတွင် ယာဉ်အလိုက် ခွင့်ပြုသတ်မှတ်ပေးထားသည့်
သတ်မှတ် အရှိန်နှုန်း အတိုင်းသာ မောင်းနှင်ကြခြင်းဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင် များတာဝန်ထမ်းဆောင် နေခြင်းကိုပူးပေါင်းပါဝင် ကူညီကြပါရန် ကြိုတင် အသိပေးပန်ကြားအပ်ပါသည်ဟူ၍ဖေါ်ပြပါရှိသည်။