အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကူအညီတောင်းခံရန် ဖုန်းနံပါတ်များ အသိပေးကြေညာ


အမြန်လမ်းမကြီးအား အသုံးပြုသွားလာလျက်ရှိသည့် ခရီးသွားပြည်သူများအနေဖြင့် လမ်းခရီး၌ ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ကူညီဆောင်ရွက်ပေးပါရန်Page ၏ Chat Box မှ တစ်ဆင့် စာဖြင့်ပေးပို့ ၍ အကူအညီတောင်းခံလျက်ရှိကြပါသည်။

Page ၏ Admin အနေဖြင့် အခြားလုပ်ငန်းတာဝန်များပူးတွဲဆောင်ရွက်လျက်ရှိသည့်အတွက်လိုင်းပေါ်မရှိသည့်အချိန်များတွင် မသိလိုက်သဖြင့် အချိန်မီကူညီဆောင်ရွက်ပေးနိုင်မှု မရှိခြင်းများ၊ အချို့မှာ Font error ရှိ၍ ပေးပို့သည့်စာအားဖတ်မရသည့်အတွက် အချိန်မီ ကူညီဆောင်ရွက်ပေးနိုင်မှု မရှိခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။

 

ခရီးသွားပြည်သူများအနေဖြင့် အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့ပါက မိမိရောက်ရှိသည့် မိုင်တိုင်နှင့် အနီးဆုံးဖြစ်သော သို့မဟုတ် အပိုင်နယ်မြေရဲစခန်းတစ်ခုခုသို့ တယ်လီဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ ခရီးသွားပြည်သူတို့၏ အခက်အခဲများအပေါ်ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

ပူးတွဲဖော်ပြပါ အပိုင်ရဲစခန်းများ၏ တည်နေရာ၊ အပိုင်နယ်မြေနှင့် ဆက်သွယ်နိုင်သည့်

 

Hotline phone number များအား မိမိဖုန်းအတွင်း Save ပြုလုပ် သိမ်းဆည်းထားမည်ဆိုပါက Page ၏ Chat Box မှ စာဖြင့်ပေးပို့ အကူအညီတောင်းခံခြင်းထက် များစွာပိုမို၍ အဆင်ပြေချောမွေ့နိုင်မည် ဖြစ်ပါသည်။

 

အကြောင်းအမျိုးမျိုးကြောင့် မိမိခေါ်ဆိုသည့် ဖုန်းနံပါတ်မှာ လိုင်းမအားခြင်း၊ ဆက်သွယ်မှုပြင်ပသို ရောက်ရှိခြင်းများကြုံတွေ့ရပါက ယခု ဇယားတွင်ဖော်ပြထားသည့်

 

မည်သည့် ဖုန်းနံပါတ် တစ်ခုခုကိုမဆို ဆက်သွယ်ခေါ်ဆို အကြောင်းကြား အကူအညီတောင်းခြင်းဖြင့် အမြန်လမ်းမကြီးရဲစခန်းအချင်းချင်း ဆက်သွယ်ကာ ခရီးသွားပြည်သူတို့ကြုံတွေ့ရသည့် အခက်အခဲများအပေါ် လိုအပ်သည့် အကူအညီအား အချိန်မီ ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

 

By Myanmar Automobile Guide

Read 905 times