အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၂၅၆/၅) အတွက် ကုန်တင်ယာဉ်များကို ရဲတပ်ဖွဲ့မှူးရုံးမှ အသိပေးဖော်ပြ


အမြန်လမ်းမကြီးအသုံးပြု ကုန်တင်ယာဉ်များ ကြိုတင်ပြင်ဆင်စရာများ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ၎င်း၏ Facebook စာမျက်နှာတွင် အသိပေးဖော်ပြထားပါသည်။

အမြန်လမ်းမကြီးအသုံးပြု ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်များသို့ အသိပေးဖော်ပြခြင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၂၅၆/၅)၌ နေပြည်တော်-မန္တလေးနယ်စပ်မှ စတင်၍ နေပြည်တော်ကောင်စီနယ်မြေမှ ဝင်ရောက်သည့် မော်တော်ယာဉ်များသာ
ဝင်ရောက်ခွင့်ရှိကြောင်း အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ ဝင့ရောက်မည့် မော်တော်ယာဉ်များအနေဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင်COVID-19 ရောဂါပိုး မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၁၀)ရက်အတွင်းထုတ်ပေးထားသည့် ထောက်ခံချက်ပါရှိမှသာ
ဖြတ်သန်းဝင်ရောက်သွားလာခွင့်ပြုမည် ဖြစ်ကြောင်း ထောက်ခံချက်မပါရှိပါက သွားလာခွင့်မပြုဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့၏ ကျန်းမာရေးထောက်ခံချက် ပြန်လည်ရယူပြီးမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း ယနေ့ ၇-၁၀-၂၀၂၀ ရက်နေ့ နံနက် ၀၇၀၀ အချိန်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းတို့ကို သိရှိပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အသိပေးဖော်ပြအပ်ပါသည်

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံ

Read 226 times