ခရီးသွားလက်မှတ်ရောင်းချရာတွင် ခရီးသည်တိုင်း၏ အချက်အလက် ပြည့်စုံစွာ မှတ်တမ်း ရယူရန် ညွှန်ကြား


ခရီးသွားလက်မှတ်ရောင်းချရာတွင် ခရီးသည်တိုင်း၏ အချက်အလက် ပြည့်စုံစွာ မှတ်တမ်း ရယူရန် ညွှန်ကြား

 ခရီးသွားပို့ဆောင်ရေးယာဉ်အသင်းများမှ ခရီးသွားလာမည့်ပြည်သူများသို့ ခရီးသွားလက်မှတ်ရောင်းချရာတွင် ခရီးသည်၏
 

 အမည်၊ 

 နိုင်ငံသားစိစစ်ရေး ကတ်အမှတ်၊ 

 နေရပ်လိပ်စာနှင့်

  ဆက်သွယ်ရမည့်ဖုန်းနံပါတ်

 

အပြည့်အစုံကို ရယူပြီးမှသာ ရောင်းချစေရေး ကြီးကြပ်ဆောင်ရွက်သွားရန် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ ညွှန်ကြားထားသည်ဟု သိရပါသည်။

ခရီးသည်ပို့ဆောင်ရေးယာဉ်အသင်းများအနေဖြင့် ခရီးသွားလက်မှတ်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်းကြီးကြပ်လိုက်နာဆောင်ရွက်သွားရန် ညွှန်ကြားထားပါသည်။

 

(က) ခရီးသည်၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာနှင့်ဆက်သွယ်ရမည့် ဖုန်းနံပါတ်အပြည့်အစုံကို ရယူပြီးမှခရီးသွားလက်မှတ်ရောင်းချရန်၊ 

(ခ) လမ်းခရီးတွင်လိုက်ပါမည့်ခရီးသည်များကိုလည်း ခရီးသည်၏အမည်နိုင်ငံသားစီစစ်ရေး ကတ်အမှတ်၊ နေရပ်လိပ်စာနှင့်ဆက်သွယ်ရမည့်ဖုန်းနံပါတ်အပြည့်စုံကို မှတ်တမ်း ရယူရန်နှင့် Seating Plan တွင် မှတ်တမ်းထားရှိရန်၊

(ဂ) ခရီးစဉ်မထွက်ခွာမီ ယာဉ်ပေါ်သို့ ခရီးသည်တင်ဆောင်ချိန်တွင် ခရီးသွားလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်တို့ကို Seating Plan နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ တင်ဆောင်ရန်၊

#MyanmarAutomobileGuide

 Telegram Channel https://t.me/Guid4U

Read 3871 times