သတင်းစာမှာ အခုလိုတရားဝင်မပါလာခင်က FB မှာတော့လိုက်ထရက်ယာဉ်တစ်မျိုးတည်းလို့ပဲ သတင်းပျံနေခဲ့ပါတယ်။ အခုတော့တိတိကျကျ Expressယာဉ်များ၊ Mini Bus များ၊ ဘုရားဖူးယာဉ်များနှင့် Telematic စနစ် တပ်ဆင်ထားသောယာဉ်များရယ်လို့ပါရှိပါတယ်။
မြန်မာ့အလင်းသတင်းစာ၏ 4.4.2019 ရက်နေ့ထုတ်မှာပါရှိပြီး လိုက်နာရန်စည်းကမ်းအချက်(၂၀)ထဲကမှ ကျွန်တော့်အချို့ယာဉ်မောင်းတွေ ဂဃနဏ နားမလည်ကြသေးတဲ့(၁၁)ချက်မြောက်ဖြစ်တဲ့ ယာဉ်ရပ်နားစဉ်တွင်အသုံးပြုသည့်တြိဂံရောင်ပြန်ပါရှိရမည်ဆိုတဲ့ တြိဂံရောင်ပြန်လေးအကြောင်းပြောပြချင်ပါတယ်။
ပုံပါကျွန်တော်တို့ကိုင်ထားတဲ့ပစ္စည်းကို သုံးနားညီကြိဂံရောင်ပြန်ပြားလို့ခေါ်ပါတယ်။ သူ့ကိုမီးနဲ့ထိုးလိုက်ရင် အလင်ရောင်ပြန်တယ်။ ကားရပ်တဲ့အချိန် ကားပျက်တဲ့အချိန်တွေမှာ အသုံးပြုတယ်။ ဥပမာ ညကြီး ကားရပ်ရတော့မယ် မှောင်မိုက်နေတာမို့ ရပ်ထားတဲ့ကို့ကားကို နောက်ကလာတဲ့ကားကမမြင်ပြီး တိုက်မိတာမျိုးမဖြစ်ရအောင် ကားရပ်ထားတယ်ဆိုတဲ့အကြောင်းသိစေဖို့ ဒီရောင်ပြန်ပြားကို ကားရဲ့နောက် ပေ ၃၀ ထက်မနည်းမှာ ချထားရတယ် ဒါကရပ်ထားတဲ့အချိန်ပါ။
ကားပျက်တယ်ဆိုရင်တော့ ပျက်တဲ့ကားရဲ့နောက် ပေ ၆၀ ထက်မနည်းမှာ ချထားရမယ်။ ဒါဆို အဝေးကကားက သူ့ကားမီးရောင်ကြောင့် ဒီရောင်ပြန်ပြားကိုထိုးမိတယ်ဆိုရင်ပဲ ရှေ့မှာကားပျက်လို့ကားရပ်ထားတယ်ဆိုတာ ယာဉ်မောင်းကသိရှိပီး အဲ့ဒီ ပေ ၆၀ အတွင်းမှာ မိမိကားကို ထိန်းသိမ်းနိုင်သွားပြီ။ ရောင်ပြန်ပြားကြီးဝင်တိုက်မိရင်တောင် ရပ်ထားတဲ့ကားကို ရှောင်နိုင်ပါတယ်။
သူ့ကိုသုံးနားညီတြိဂံရောင်ပြန်ပြားလို့ခေါ်ပြီး မသိသေးတဲ့သူများနဲ့ အခြားယာဉ်မောင်းတွေကိုပါ ဗဟုသုတရစေဖို့ တင်ပြလိုက်ပါတယ်။
Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ