သင်္ကြန်ကာလအတွင်း အဝေးပြေး ယာဉ်လုံလောက်မှုမရှိပါက YRTA မှ လိုအပ်သည့် ကားအရေအတွက်အလိုက် အစားထိုး ပြေးဆွဲပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရပါတယ်။
အဝေးပြေး ယာဉ်လိုင်းများမှ သင်္ကြန်ကာလအတွင်း ပြေးဆွဲနိုင်မည့် ကားအရေအတွက်ကို ယခုလအတွင်း တင်ပြရန် ညွှန်ကြားထားပြီး ထိုစာရင်းအပေါ် မူတည်၍ YRTA မှ လိုအပ်သည့် ကားအရေအတွက်အလိုက် အစားထိုးပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ထိုသို့ ပြေးဆွဲရာတွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းနှင့် ဒဂုံဧရာအဝေးပြေးကားဝင်းတို့တွင် ဗီနိုင်းနှင့် ကြေညာစာများကပ်၍ ကားလက်မှတ်များ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
Readmore;ကျပ်သိန်း ၁ဝဝ ကျော်ဖြင့် ရွေးချယ်သင့်သည့် Suzuki Alto
“သင်္ကြန်ကာလအတွင်းမှာ အဝေးပြေးယာဉ်လိုင်းတွေကို ကား အရေအတွက် ဘယ်လောက် ပြေးဆွဲပေးနိုင်မလဲဆိုတာ စာရင်းတောင်းထားပါတယ်၊ ဒီစာရင်းနဲ့ ခရီးသည်အပေါ်မူတည်ပြီး လိုအပ်တဲ့ ကားအရေအတွက်အတိုင်း ပြေးဆွဲပေးမှာပါ၊ အဝေးပြေးယာဉ် လိုင်းပိုင်ရှင်တွေရဲ့ စီးပွားရေးလည်း မထိခိုက်အောင်၊ ပြည်သူတွေလည်း အဆင်ပြေအောင် လုပ်ဆောင်ပေးမှာပါ၊ ခရီးသည်အပေါ်မူတည်ပြီး လိုအပ်တဲ့ကားလက်မှတ်ကို အဝေးပြေး ကားဝင်းတွေမှာ ဗီနိုင်းထောင်ပြီး တရားဝင် ရောင်းချပေးမှာပါ”ဟု “ရန်ကုန်တိုင်းဒေသကြီး သယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့” တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထို့ပြင် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်စီးခလက်မှတ်ဈေးနှုန်း ပိုမိုရောင်းချသည့် ယာဉ်လိုင်းကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ပြီး ယာဉ်စီးခလက်မှတ်ဈေးနှုန်း ပိုမိုရောင်းချပါက အဝေးပြေး YRTA ရုံးနှင့် Hotline ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၄၈ ၁၄၇ ၁၄၉၊ ၀၉-၄၄၈ ၁၄၇ ၁၅၄၊ ၀၉-၄၄၈ ၁၄၇ ၁၅၃ တို့သို့ တိုင်ကြားနိုင်ကြောင်း သိရပါတယ်။