ယခုနောက်ပိုင်းတင်သွင်းလာတဲ့ကားတွေမှာ မောင်းနှင်တဲ့စနစ် ပိုမိုကောင်းမွန်လာဖို့နဲ့ စိတ်ချစေဖို့အတွက် ကားထုတ်လုပ်သူတွေဟာ
အဆင့်မြင့်နည်းပညာပေါင်းစုံကို အပြိုင်အဆိုင် တပ်ဆင်လာကြပါတယ်။ အဆိုပါနည်းပညာတွေကို ပရိတ်သတ်ကြီးသိအောင် ဖော်ပြပေးလိုက်ပါတယ်။
အဆင့်မြင့်ကင်မရာ
ယာဉ်မောင်းသူတွေရဲ့နောက်ကျောဘက်က မြင်ကွင်းတွေကို တွေ့မြင်နိုင်ဖို့အတွက် နောက်ကြည့်ကင်မရာ လိုအပ်ပါတယ်။ ဒါ့အပြင် ယာဉ်ကိုအလွယ်တကူ ပါကင်ထိုးနိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
ပြီးခဲ့သော မေလအတွင်း အမေရိကန်မှာ Exterior Cameras တွေကို အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ လူစီးကားအားလုံးရဲ့ လုံခြုံစိတ်ချမှုရှိစေအတွက် ဖြစ်ပါတယ်။
Radar cruise control
သာမန်ကရုစ်ကွန်ထရိုး (normal cruise control ) ဆိုလျှင်ပင် အလွန်အသုံးဝင်နေပပါပြီ။ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်နိုင်တာ၊ အန္တရာယ်ကြုံတွေ့တဲ့အခါ ယာဉ်မောင်းသူရဲ့ ဆုံးဖြတ်ချက်မှားတာ သို့မဟုတ် လှုပ်ရှားမှုနောက်ကျတာမျိုးဖြစ်နေရင် ဘရိတ်စနစ်နဲ့ စတီယာရင်စနစ်ကို အလိုအလျောက်ထိန်းချုပ်ပြီး အန္တရာယ်ကနေ ရှောင်ရှားပေးနိုင်တာမျိုးပါ။
ရေဒါစနစ်နဲ့ ထိန်းချုပ်တဲ့အခါ ပိုမိုမြင့်မားတဲ့အာရုံခံစနစ်နဲ့ ယာဉ်ရဲ့ဝန်းကျင်ကို စောင့်ကြည့်ပြီး ကားရဲ့အမြန်နှုန်းကို ချိန်ညှိပေးနိုင်ပါတယ်။ အဝေးပြေးလမ်းတွေမှာ မြန်နှုန်းမြင့်မောင်းနှင်တဲ့အခါ လုံခြုံစိတ်ချစေပါတယ်။
Magnetic Ride Control
Magnetic adaptive suspension ဟာ မြန်နှုန်းမြင့်မောင်းနှင်တဲ့အခါ ယာဉ်ရဲ့အောက်ပိုင်းစနစ်ကို အဆင့်မြင့်ထိန်းချုပ်ပြီး ယာဉ်ကို တည်ငြိမ်စေတာဖြစ်ပါတယ်။ ပြိုင်ကားအမျိုးအစားတွေဖြစ်တဲ့ Corvetles ကနေ Ferraris အထိ အသုံးပြုပါတယ်။
၎င်းသည် အရည်ကိုအသုံးပြု၍ ယာဉ်ရဲ့ကိုယ်ထည်ကို ရေပြင်ညီအတိုင်း တည်ငြိမ်နေစေရန် ထိန်းချုပ်ပေးထားပါတယ်။ လျှပ်စစ်စွမ်းအင်ဖြင့် ထိန်းချုပ်တာဖြစ်ပြီး ကိုယ်ထည်ရဲ့ တောင့်တင်းစေမှုနဲ့ သက်သောင့်သက်သာဖြစ်စေမှုတို့ကို ရရှိခံစားစေမှာဖြစ်ပါတယ်။
Blidspot monitoring systems
ကြီးမားပြီးရှည်လျားတဲ့ ကားတစ်စီးကိုမောင်းနှင်ရာမှာ ဘေးထွက်ဆိုးကြိုးကတော့ ယာဉ်မောင်းသူရဲ့ မျက်ကွယ်အရပ်တွေကို မြင်တွေ့နိုင်ဖို့ခက်ခဲတာပါ။ အဲဒါကို အလွယ်တကူဖြေရှင်းပေးနိုင်တာကတော့ BMS ပဲဖြစ်ပါတယ်။
ယာဉ်မောင်းသူရဲ့မျက်ကွယ်အရပ်က သတင်းအချက်အလက်တွေနဲ့ မြင်ကွင်းတွေကို အာရုံခံပြီး ပေးပို့ပေးနိုင်ပါတယ်။ အလွန်သိမ်မွေ့ပြီး အံ့သြဖို့ကောင်းလောက်အောင် အသုံးဝင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
Anti-Collision Warning Systems
ကားကို အနိမ့်ပိုင်းကနေ မောင်းနှင်ရတဲ့အခါ ယာဉ်တိုက်မှုမဖြစ်စေရန် ရှောင်ရှားနိုင်ဖို့ အမှန်တကယ်မဖြစ်နိုင်ပါဘူး။ Anti-Collision Warning Systems သည် ထိုကဲ့သို့အနေအထားမျိုးတွေမှာ ပိုမိုအသုံးဝင်ပါတယ်။
ကားရဲ့အနီးကို စိုးရိမ်စရာကောင်းတဲ့ အရာဝတ္တုတွေ နီးကပ်လာတာနဲ့ အချက်ပြ သတိပေးနိုင်သလို လိုအပ်ရင် ဘရိတ်စနစ်ကို ထိန်းချုပ်ထားပြီး အလိုအလျောက် ရှောင်ပေးနိုင်ပါတယ်။
ဇိမ်ခံထိုင်ခုံတွေ
ထိုင်ခုံတွေဟာ ယာဉ်မောင်းနေရင်း သက်သောင့်သက်သာဖြစ်စေရုံသာမက ဇိမ်ခံနိုင်အောင် အဆင့်မြင့်လာပါတယ်။
လျှပ်စစ်နဲ့ အပူအအေးပေးတဲ့စနစ်ပါရှိလာတဲ့အတွက် ရာသီဥတုပူလာရင် ထိုင်ခုံတွေကို အအေးဓာတ်ပေး၍ အေးတဲ့ရာသီမှာတော့ အပူဓာတ်ပေးနိုင်ပါတယ်။ ထိုင်ခုံအတွင်းမှာ မော်တာအသေးစားတွေပါရှိပြီး ယာဉ်မောင်းနှင်နေရင်း အနှိပ်ခံနိုင်တဲ့ massaging seats တွေဖြစ်လာပါတယ်။