၂၀၂၃ ထိုင်းအီးဗီဈေးကွက် အလားအလာ ခန့်မှန်းပြောကြား 


၂၀၂၃ ထိုင်းအီးဗီဈေးကွက် အလားအလာ ခန့်မှန်းပြောကြား 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံ၏ လျှပ်စစ်ကား  စျေးကွက်သည် ၂၀၂၃  ခုနှစ်တွင် အစီးရေ ၂၅,၀၀၀ နှင့် ၃၅,၀၀၀ ကြား ရောင်းချရဖွယ်ရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries  (FTI) မှ ခန့်မှန်းပြောကြားခဲ့ပါသည်။

သို့သော် ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှု ရှိ၊ မရှိသည် ကမ္ဘာတစ်ဝှမ်းတွင် ရှားပါးလာပြီး မော်တော်ကားလုပ်ငန်းကို ထိခိုက်စေသည့် တစ်ပိုင်းလျှပ်ကူးချစ်ပ်များ ရရှိနိုင်မှုအပေါ် မူတည်ပါသည်။
FTI ၏ မော်တော်ကားစက်မှုလုပ်ငန်းကလပ်၏ ဒုဥက္ကဋ္ဌနှင့် ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က အီးဗီ ရောင်းအားမြင့်တက်ရခြင်းသည် ရောင်းဈေးနှုန်း သက်သာခြင်းနှင့် အရောင်းမြှင့်တင်ရန် ရည်ရွယ်သည့် ထိုင်းအစိုးရ၏ မက်လုံးပေးအစီအစဉ်ကြောင့်ဟု မှတ်ချက်ပေးခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အစိုးရအဖွဲ့သည် ၂၀၂၂ မှ ၂၀၂၃ အတွင်း အီးဗီသုံးစွဲမှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် အခွန်လျှော့ချရန်နှင့် ထောက်ပံ့မှုများျပးအပ်ရန်တို့ကို အတည်ပြု သဘောတူခဲ့သည်။

'ကမ္ဘာလုံးဆိုင်ရာ EV ထုတ်လုပ်ရေးကုမ္ပဏီကြီးများ အထူးသဖြင့် Tesla နှင့် BYD တို့က ထိုင်းနိုင်ငံမှာ လျှပ်စစ်မော်တော်ကားများကို စတင်ရောင်းချကြတာကြောင့် ထိုင်းအီးဗီကဏ္ဍအတွက်  တောက်ပသောအနာဂတ်ကို ကျွန်တော်တို့ မြင်တွေနေရပါတယ်။ တခြားကားလုပ်ငန်းတွေကလည်း ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး အီးဗီတွေ တပ်ဆင်ထုတ်လုပ်မယ်လို့ ကြေညာခဲ့ကြပါတယ်" ဟု Mr Surapong က ပြောကြားသည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထိုင်းကားဈေးကွက်ထဲသို့ အသစ်ဝင်လာသော Tesla Thailand သည် Tesla Model 3 နှင့် Model Y တို့ကို စတင်ရောင်းချခဲ့သည်။
ဈေးနှုန်းများမှာ Model 3 ဘတ် ၁.၇၅ သန်း နှင့် Model Y ဘတ် ၁.၉၅ သန်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် BYD သည် ၎င်း၏ တစ်ဦးတည်း ဖြန့်ချိရေးကိုယ်စားလှယ်  Rever Automotive Co မှ Atto 3 SUV ကို မိတ်ဆက်ခဲ့သည်။ ဈေးနှုန်းမှာ ဘတ် ၁.၂ သန်း ဖြစ်သည်။
 BYD သည် ရယောင်းပြည်နယ်တွင် အီးဗီ ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရန် အစီအစဉ်ကို ကြေညာခဲ့သည်။
Tesla အနေဖြင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ် မရှိသေးချေ။

 ထိုင်းနိုင်ငံသည် ၎င်း၏ အီးဗီ စက်မှုလုပ်ငန်းကဏ္ဍသည် ကားများမှ ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝကင်းစင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်မှုဖြင့် တွန်းအားရရှိနေသည်ဖြစ်ရာ တိုးတက်မှုကို ကြိုမြင်နေရပြီ ဖြစ်သည်။
 သို့သော် အဟန့်အတားများနှင့် အကန့်အသတ်များ ရှိနေသည်။
 လျှပ်စစ်စွမ်းအင်နှင့် အားသွင်းဝန်ဆောင်မှုများ၏ ဈေးနှုန်းများသည် ထိုင်းနိုင်ငံတွင် မြင့်မားနေဆဲဖြစ်သည်။ အီးဗီအားသွင်းရုံများလည်း အလုံအလောက် မရှိသေးချေ။ 
Source Bangkokpost 
 

Read 691 times