Higer H5C


Higer H5C ၏ပုံစံမှာ အန်စားတုံးကား HIace ဒီဇိုင်းနှင့် ဆင်တူသည်ကိုတွေ့ရပါသည်။

ရှေ့မျက်နှာစာတဖက်တစ်ချက်တွင် Monolithic Combined Headlamp ကိုအသုံးပြုပြိး ကားနောက်ပိုင်းတွင် LED Combined မီးများကို တပ်ဆင်အသုံးပြုထားပါသည်။

ကိုယ်ထည်မှာ တံခါးသုံးပေါက်ပါဝင်ပြီး Power Side Sliding Door တစ်ချပ်ပါဝင်မည်ဖြစ်သည်။

ကားဘီးမှာ အလူမီနီယမ်အလွိုင်းခွေကို တပ်ဆင်အသုံးပြုထားသည်ကို တွေ့ရပါသည်။

ထိုကား၏ ထူးခြားမှုမှာ လမ်းကြမ်းများတွင် အကောင်းဆုံး မောင်းနှင်အသုံးပြုနိုင်အောင် နောက်ဆိုင်းထိန်းစနစ်မှာ ရှော့ဘားနှစ်ခုကို တပ်ဆင်ထားခြင်းဖြစ်သည်။

အတွင်းခန်းတွင် Fabric Seat ကိုတပ်ဆင်အသုံးပြုထားပြီး ၁၆ ယောက်စီးကားအမျိုးအစားဖြစ်ပါသည်။

အတွင်းခန်းမှာကျယ်ဝန်းပြီး ပစ္စည်းများကို ထားသိုသိမ်းဆည်းနိုင်ရန် Storage Box နှင့် Cup Holder များကို လည်းနေရာတကျပြုလုပ်ပေးထားပါသည်။

ဖျော်ဖြေရေးအတွက် AM/FM Radio နှင့် CD Player များကိုအသုံးပြုထားမည်ဖြစ်သည်။

ခရီးသည်များသက်သောင့်သက်သာစီးနင်းနိုင်ရန်အတွက် Automatic Aircon စနစ်ဖြင့် အသုံးပြုထားပြီး နောက်ခန်းခရီးသည်များအတွက် Area Independent ဖြစ်အောင်ပြုလုပ်ပေးထားပါသည်။

ထို့ပြင် မိမိတပ်ဆင်အသုံးပြုလိုသော Optional ပစ္စည်းမျာကို Customize အနေဖြင့် ရရှိနိုင်ပါသေးသည်။

H5C တွင်စွမ်းဆောင်ရည်ကောင်းမွန်သော 2.5 L Turbo ဒီဇယ်အင်ဂျင်တပ်ဆင်အသုံးပြုထားပါသည်။

2-Wheel Drive ကားအမျိုးအစားဖြစ်ပြီး 5-Speed Manual ဂီယာကိုအသုံးပြုထားပါသည်။

လုံခြုံရေးစနစ်အနေဖြင့် ဘရိတ်ကိုရုတ်တရက်ဆောင့်နင်းလိုက်ချိန်တွင် စလစ်မဖြစ်စေရန် ထိန်းညှိပေးသော Anti-lock Braking System (ABS)၊ မော်တော်ယာဉ်ပေါ်တွင် ခရီးသည်များအပြည့်ရှိနေသောအခါတွင် ဘရိတ်နင်းပြီးပြီးချင်း ယာဉ်အမြန်ဆုံး ရပ်တန့်သွားအောင်ကူညီပေးသော Electronic Brake-force Distribution ၊ ထပ်ဆောင်းဘရိတ်အင်အားကို ထုတ်ပေးပြီး ဘရိတ်၏လုပ်ဆောင်မှုများကို ပိုကောင်းမွန်သော Brake Pedal Energy Absorbing စနစ်၊ ကားပါကင်ထိုးရာတွင် အထာက်အကူဖြစ်စေမည့် Reverse Rador နှင့် Remote အစရှိသော လုံခြုံရေးစနစ်များကို ထည့်သွင်းအသုံးပြုထားပါသည်။

၂၀၁၆ မိုဒယ်Higer H5C ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၆,၅၀၀ ဖြစ်ပြီး Higer ကားတွေကို တရားဝင်တင်သွင်းရောင်းချလျှက်ရှိသော Greater Man International ကုမ္ပဏီတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။

ဝန်ဆောင်မှုအနေဖြင့် တစ်နှစ် (သို့မဟုတ်) ကီလိုခြောက်သောင်း အာမခံနှင့် ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။

Source:automobile journal

Read 2525 times