ယနေ့ခေတ်မှာ မော်တော်ယာဉ်စျေးကွက်ဟာ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ နည်းပညာအသစ်တွေကြောင့် မြန်ဆန်စွာ ပြောင်းလဲနေပါတယ်။
အဲ့ဒီထဲမှာတော့ Hybrid (HEV), Plug-in Hybrid (PHEV) နဲ့ Electric Vehicle (EV) ဆိုတဲ့ အမျိုးအစားသုံးမျိုးဟာ အဓိကအနေဖြင့် လူသုံးများလာနေတဲ့ ကား type တွေဖြစ်ပါတယ်။ တချို့ကတော့ “လျှပ်စစ်ကားဆိုတာအတူတူပဲ” လို့ထင်ကြပေမဲ့ သုံးမျိုးစလုံးမှာ သီးခြားကွာခြားချက်တွေရှိနေပါတယ်။
Hybrid (HEV) – ဓာတ်ဆီနဲ့ လျှပ်စစ်စွမ်းအင် ပေါင်းစပ်သုံးတဲ့နည်းပညာ
Hybrid ကားတွေဟာ ဓာတ်ဆီအင်ဂျင် နဲ့ လျှပ်စစ်မော်တာ နှစ်ခုလုံးပေါင်းစပ်အသုံးပြုထားတာဖြစ်ပါတယ်။ ကားမောင်းရဖို့အတွက်ဓာတ်ဆီကိုပဲ အမြဲမှီခို နေရတာမျိုးမဟုတ်ပဲနဲ့ hybrid ကားတွေထဲမှာပါတဲဲ့ High voltage battery pack ကနေလျှပ်စစ်စွမ်းအင်က ကားspeed တင်ရာမှာကူညီပေးပြီး၊ ဘရိတ်နှိပ်ချိန်တိုင်းမှာ စွမ်းအင်(energy)ပြန်ယူတတ်တဲ့ Regenerative Braking System ပါဝင်တာကြောင့် နဲ့ ဘက်ထရီကို အလိုအလျောက်အားသွင်းပေးမှာလည်းဖြစ်ပါတယ်။
Plug-in လုပ်ဖို့ မလိုတဲ့အတွက် စိတ်ရှုပ်မနေဘဲ Fuel Efficiency ပိုကောင်းတာက အဓိကအကျိုးဖြစ်ပါတယ်။
ဥပမာကားများ: Toyota Prius, Honda Insight, Hyundai Elantra Hybrid.
Plug-In Hybrid (PHEV) – လျှပ်စစ်နဲ့ ဓာတ်ဆီကြားက တစ်လှည့်အကောင်းဆုံး
Plug-in Hybrid ကားတွေကတော့ Hybrid နဲ့တူပေမဲ့ ပိုကြီးတဲ့ ဘက်ထရီ ပါဝင်ပြီး၊ အပြင်ကနေ လျှပ်စစ်အားသွင်းနိုင်ခြင်း ရှိပါတယ်။
ဒါကြောင့် PHEV တစ်စီးဟာ လျှပ်စစ်အားဖြင့် ပျမ်းမျှ ၂၀–၅၀ ကီလိုမီတာ ခန့် အပြည့်အဝ မောင်းနှင်နိုင်ပြီး အားကုန်သွားတဲ့အချိန်ရောက်လာရင်လည်းဓာတ်ဆီအင်ဂျင်ကနဲ့ အလိုအလျောက်ပြောင်းလည်းသုံးဆွဲပြီး ဆက်လက်မောင်းနှင်လို့ရဦးမှာလည်းဖြစ်ပါတယ်။ လျှပ်စစ်နဲ့ သွားချင်သူတွေအတွက်လည်းကောင်း၊ အဝေးခရီးသွားချင်သူတွေအတွက်လည်းကောင်း သင့်တော်တဲ့နည်းပညာဖြစ်ပါတယ်။
ဥပမာကားများ: Toyota RAV4 Prime, Hyundai Tucson PHEV, Mitsubishi Outlander PHEV.
Electric Vehicle (EV) – ၁၀၀% လျှပ်စစ်နည်းပညာနဲ့ သန့်ရှင်းသောအနာဂတ်
Electric Vehicle (EV) တွေကတော့ ဓာတ်ဆီအင်ဂျင်မပါဘဲ လျှပ်စစ်မော်တာနဲ့ပဲ လုံးဝပြေးဆွဲတဲ့ကားတွေဖြစ်ပါတယ်။
Lithium-ion ဘက်ထရီကြီးတွေ က ကားရဲ့ အဓိက power source ဖြစ်ပြီး၊ Main အင်ဂျင်မရှိတာကြောင့် Maintenance လုပ်ဖို့ လိုအပ်ချက်လည်းနည်းပါတယ်။ EV တွေဟာ တစ်ခါအားသွင်းရုံနဲ့ ၃၀၀ – ၆၀၀ ကီလိုမီတာ ခန့် ပြေးနိုင်တာကြောင့် အများပြည်သူအသုံးများလာတာကိုလည်း တွေ့နေပါတယ်။
ဥပမာကားများ: Tesla Model 3, Hyundai Ioniq 5, Nissan Leaf, BYD Atto 3.
https://www.motortrend.com/reviews/hybrid-vs-phev-vs-ev-difference