ကားစီးလုံးငှား လုပ်ငန်း Hertz က ကားစီးရေ ၁၈၂,၀၀၀ ရောင်းထုတ်မည်


ဒေဝါလီခံမှုကာကွယ်ရေးအတွက် လျှောက်ထားပြီးနောက် နှစ်လကြာပြီးချိန်တွင် Hertz သည် ၂၀၂၁ ခုနှစ်အထိဆက်လက်ရှင်သန်ရန် ကြိုးပမ်းနေသည်။ 

ငွေချေးသူများကို စိတ်ကျေနပ်စေရန်နှင့် အနာဂတ်စီးပွားရေးကိုထိန်းသိမ်းရန်အတွက် မော်တော်ယာဉ်စုစုပေါင်း ၂၀၀,၀၀၀ နီးပါးကို လက်လွှတ်မည်ဖြစ်သည်။

 

ကားအစီးပေါင်း ၁၈၂,၅၂၁ ရောင်းချခြင်းကို ယခုနှစ်အတွင်း ဆောင်ရွက်ရမည် ဖြစ်ရာ၌ နောက်ဆုံးနေ့ရက် သတ်မှတ်ချက် ဖြစ်သော ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင် အပြီးအပြတ် ရောင်းချရမည် ဖြစ်သည်။

 

သို့မှသာ ကြွေးဆပ်ရမည့် ဒေါ်လာ ၆၆၀ သန်းကို အချိန်မီ ပေးဆပ်နိုင်လိမ့်မည်။ပြီးခဲ့သည့်လကကားစီးရေ  ၁၄၄,၀၀၀ ရောင်းချရန် အဆိုပြုခဲ့သော်လည်း လက်ကျန်ကားစီးရေမှာ များလွန်းနေဆဲဖြစ်သဖြင့်  လုပ်ငန်းကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ရောင်းချမည့် စီးရေတိုးမြှင့် သတ်မှတ်ခဲ့ရသည်။

တစ်ပတ်ရစ်ကားအဟောင်း ဈေးကွက်ထဲသို့ ကားစီးရေ ၁၈၀,၀၀၀ အလုံးအရင်းဖြင့် လအနည်းငယ်အတွင်းမှာ မောင်းဝင်လာမည် ဖြစ်သော်လည်း ဈေးကွက်ဝယ်လိုအား အခြေအနေ ကောာင်းနေဆဲဖြစ်မည်ဟု မျှော်လင့်ထားသော်လည်း ရောင်းချသည့်ကာလ ပြီးဆုံးချိန်တွင် ဈေးကွက်သည် အ‌‌ခြေအနေ ပြောင်းလဲသွားမည်ဟု တွက်ဆကြသည်။

Read 2927 times