Hero Electric က Mahindra နှင့် အတူပူးပေါင်းပြီး e-scooter များ ထုတ်လုပ်မည်
အိန္ဒိယနိုင်ငံမှ လျှပ်စစ်စကူတာများ ထုတ်လုပ်ရောင်းချမှုမှာ ဦးဆောင်နေရာ ရရှိထားတဲ့ Hero Electric က Mahindra Group နှင် မဟာဗျူဟာမြောက် အတူပူပေါင်းပြီး e-scooter များ ထုတ်လုပ်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
Hero Electric ရဲ့ ကြီးထွားမှုနှင့် ချဲ့ထွင်ခြင်း အစီအစဉ်များမှာ Mahindra Group ရဲ့ စက်ရုံကို အသုံးပြုမှာ ဖြစ်ပါတယ်။
Mahindra Group ရဲ့စက်ရုံမှာ Hero Electric ရဲ့ လူကြိုက်များတဲ့ electric scooter များ ဖြစ်တဲ့ Optima နှင့် NYX မော်ဒယ်များက်ု ထုတ်လုပ်ပါမယ်။
ဈေးကွက်အတွင်း ဝယ်လိုအား ပြည့်မီအောင် Hero Electric အနေဖြင့် ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် Mahindra Group နှင့် ပူးပေါင်းလုပ်ကိုင်တာ ဖြစ်ပြီး ၂၀၂၂ မှာ လျှပ်စ်စကူတာများ စီးရေ ၁ သန်းကျော် ထုတ်လုပ်ကြဖို့ ရည်မှန်းချက် ထားရှိပါတယ်။
ကုမ္ပဏီနှစ်ခုအကြား အသိပညာဖလှယ်ခြင်း၊ သုတေသနနှင့် ဖွံဖြိုးရေး ပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
အိန္ဒိယဈေးကွက်အပြင် ပြည်ပဈေးကွက်များအထိ ချဲ့ထွင်ရန် ရည်ရွယ်ချက် ထားရှိပါတယ်။