ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံးဖြစ်လာမည့် တာဘိုအင်ဂျင် ၈ လုံးပါ Hennessey Venom F5


နာမည်ကျော်ပြိုင်ကားအများစုမှာ အမြန်ဆုံးစံချိန် တစ်နာရီလျှင် မိုင် ၂၇၀ နှုန်းကျော်ခန့်သာရှိခဲ့ရာမှ ယခုအခါ ၎င်းတို့ပြိုင်ကားတို့အား ချန်ရစ်ထားခဲ့မည့် အမြန်နှုန်းမြင့် ပြိုင်ကားတစ်မျိုးကို အမေရိကန်ကားကုမ္ပဏီတစ်ခုမှ ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

အမေရိကန်ကားကုမ္ပဏီတစ်ခုဖြစ်သော Hennessey သည် ၎င်း၏ မိုဒယ်သစ် မြန်နှုန်းမြင့်ပြိုင်ကား Venom F5 ကို မိတ်ဆက်ပြသပေးခဲ့ပြီဖြစ်ကြောင်းသိရပါသည်။

အဆိုပါပြိုင်ကားသည် တစ်နာရီလျှင် မိုင် ၃၀၀ ကျော် အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး လက်ရှိနာမည်ကျော် မြန်နှုန်းမြင့် ပြိုင်ကားလောကတွင် အမြန်ဆုံးပြိုင်ကားဖြစ်လာတော့မည်ဖြစ်သည်။

၎င်းကဲ့သို့ မြန်နှုန်းမြင့်စေရန် ကားတစ်စီးလုံး၏ အလေးချိန်မှာ ၁၃၆၀ ကီလိုဂရမ်ထက်နည်းပါးသည့် အလေးချိန်ဖြစ်စေရန် တည်ဆောက်ထားပြီး ဆလင်ဒါ ရှစ်လုံးတပ် တာဘိုအင်ဂျင်တွင် မြင်းကောင်ရေ ၁၆၀၀ အားကို ထုတ်လွှတ်မောင်းနှင်နိုင်စေရန် ဖန်တီးထားကြောင်း သိရပါသည်။

ထိုကဲ့သို့ တည်ဆောက်ထားခြင်းကြော်င့ ဆယ်စက္ကန့်အတွင်း၌ပင် မိုင် ၁၈၀ ကျော် အရှိန်မြှင့်တင်နိုင်ပြီး စက္ကန့် သုံးဆယ်အတွင်း တစ်နာရီလျှင် မိုင် ၂၅၀ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်မည်ဖြစ်သည်ဟု

ပြောကြားခဲ့ပါသည်။

၎င်းကဲ့သို့ တစ်နာရီမိုင် ၃၀၀ ကျော်အရှိန်ဖြင့်မောင်းနှင်နိုင်သောကြောင့် သာမန်လမ်းများတွင် မောင်းနှင်ရန် အခက်အခဲများစွာ ရှိမည်ဟု မှတ်ချက်ပြုနေကြသော်လည်း Hennessey မှ သာမန်လမ်းမများတွင်လည်း မောင်းနှင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

အခြားတန်ဖိုးကြီးပြိုင်ကားများကဲ့သို့ အစီးရေအကန့်အသတ်ဖြင့် ၂၆ စီးသာ ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း ဖြစ်ကြောင်း သိရပါသည်။

 

Read 945 times