Harrier နဲ့ Grade အခွဲတွေအကြောင်း


Harrier ဟာ တခြား Kluger, RAV 4 တို့နဲ့ မတူပဲ Grade ခွဲတွေများသဖြင့် Harrier Fan များ Harrier အားဝယ်ယူသောအခါ Grade ခွဲအားလုံးသိရှိထားမှ အဝယ်မမှားရလေအောင် တင်ပြပေးလိုက်ပါတယ်။

Lexus RX မှ ခွဲထွက်လာတဲ့ Toyota Harrier ကို 1997 ခုနှစ်လောက်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ သူ့မှာ မျိုးဆက်အနေနဲ့ (၃) ဆက်ထိရှိနေပါတယ်။

1997 Model ကနေ 2002 Model ထိကို ပထမမျိုးဆက်

2003 Model ကနေ 2013 ထိကို ဒုတိယမျိုးဆက်

2013 (Late) Model ကနေ လက်ရှိအချိန်ထိကို တတိယမျိုးဆက် ဆိုပြီးရှိနေပါတယ်။

အခု ရှင်းပြမှာက လူစီးများနေတဲ့ ဒုတိယမျိုးဆက် ပဲဖြစ်ပါတယ်။ Grade အခွဲ အနေနဲ့ကတော့ အောက်မှာဖော်ပြပေးထားပါတယ်။ G, G L Package, G Premium L Package, AIR S ဆိုပြီး Grade တွေရှိပါတယ်။ Engine Power တွေအနေနဲ့ 2400CC, 3000CC နဲ့ 3500CC ဆိုပြီး (3)မျိုးနဲ့ ထုတ်လုပ်ထားသလို 2WD ရော 4WD ပါ ရှိပါတယ်။ 3500CC ကတော့ ဒီမှာမတွေ့မိသောကြောင့် ထည့်မပြောတော့ပါဘူး။ အောက်မှာတော့ သူတို့တွေရဲ့ Chassis လေးတွေနဲ့ တကွပြောပေးပါမယ်။ “ G, G L Package, G Premium L Package” စတဲ့ Grade တွေမှာ Chassis တွေအနေနဲ့ 2WD ဖြစ်ပြီး Engine 2400 CC နဲ့ ဆိုရင်တော့ “ACU30” ဖြစ်ပါမယ်၊ 4WD ဆိုရင်တော့ “ACU35” ပါ။ ဒီလိုပဲ 2WD ဖြစ်ပြီး Engine 3000CC နဲ့ ဆိုရင်တော့ “MCU30” ဖြစ်ပါမယ်၊ 4WD ဆိုရင်တော့ “MCU35” ပါ။

ထူးခြားချက်အနေနဲ့ “AIR S” Grade မှာတော့ Engine Power 3000CC နဲ့သာလာပြီး 2400CC ကျတော့ မရှိတော့ဘူး။ Chassis က 3000 CC ရဲ့ 2WD ဆိုရင် “MCU31” ဖြစ်ပြီး 4WD ဆိုရင် “MCU36” ဖြစ်သွားမှာပါ။ Gear အနေနဲ့ကတော့ 2400CC ဖြစ်တဲ့ ACU30, ACU35 တွေမှာ ၄ချက်ထိုးဖြစ်ပြီး 3000CC ဖြစ်တဲ့ MCU30, MCU35, MCU31, MCU36 တွေမှာ ၅ချက်ထိုးအနေနဲ့ပါရှိလာမှာပါ။ Engine အနေနဲ့ကတော့ 2400CC ဖြစ်တဲ့ ACU30, ACU35 တွေမှာ ရိုးရိုး VVTI D4 Engine နဲ့လာပြီး 3000CC ဖြစ်တဲ့ MCU30, MCU35, MCU31, MCU36 တွေမှာ VVTI-V6 Engine နဲ့လာပါတယ်။ အောက်မှာတော့ Grade ခွဲတွေရဲ့ ခြားနားချက်တွေကို ရှင်းပြပေးလိုက်ရပါတယ်။

(1)G Grade

(2)G L Grade

(3)G Premium Grade

(4)L Package Grade

(5)Air S Grade

G Package (ရိုးရိုး) ကတော့ Base Grade ဆိုတော့ ထွေထွေ ထူးထူး သိပ် ပြောစရာ မရှိပေမယ့် G L Package နဲ့ G Premium L Package တွေမှာတော့ အနည်းငယ် ပြောင်းလဲမှုလေးတွေရှိနေခဲ့ပါတယ်။ G L Package မှာ အလွိုင်းကို 17″ အလွိုင်းနဲ့ဖြစ်ပြီးတော့ Driver ဘက် ထိုင်ခုံ မော်တာ တစ်လုံးပါဝင်ပါမယ်။ Steering နဲ့Gear လက်ကိုင်တွေ မှာ ကျွန်းတဝက် ၊ လည်သာတဝက် ဖြစ်သွားပါတယ်။

G Premium L Package မှာတော့ အလွိုင်း 18″ အလွိုင်းနဲ့ဖြစ်သွားပြီး Driver ဘက်ထိုင်ခုံမော်တာ ဖြစ်လာရုံသာမက Front Passenger ဘက်မှာပါ ထိုင်ခုံမော်တာ ပါဝင်လာမှာပါ။ ဒါတင်မကပဲ Steering အချိန်အဆလုပ်ဖို့ မော်တာပါဝင်လာပါမယ်။ Steering နဲ့Gear လက်ကိုင်တွေ မှာ ကျွန်းတဝက၊်လည်သာတဝက် ဖြစ်သွားပါတယ်။ ပြီးရင် 5.1 JBL Speaker Surrounding System ပါဝင်လာပါမယ်။ 5.1 JBL Speaker Surrounding System ပါဝင်လာတဲ့ အတွက် သီချင်း နားဆင်ရာမှာ Beats ကောင်းကောင်းနဲ့ နားဆင်တတ်သူတွေ အတွက်လဲ အကြိုက်ဖြစ်စေမှာပါ။

G L Package နဲ့ G Premium L Package နှစ်ခုလုံးမှာ Camera 3လုံး (Front, Side and Rear), Sunroof, နောက်ဖုံးမော်တာ တွေကတော့ ပါတာလဲ ရှိသလို မပါတာလဲရှိတာကြောင့် Optional အနေနဲ့ ပုံသေမှတ်သားလို့မရနိုင်ပါဘူး။ Camera 3 လုံးပါတဲ့ကားတွေမှာ Steering ရဲ့ ဘယ်၊ညာမှာ ခလုတ်တွေပါလာပါမယ်။

AIR S Grade

Harrier 2003 Grade တွေထဲမှာ AIR S ဟာအမြင့်ဆုံး Grade ပါ။ ဒီ AIR S Grade မှာက G Premium L Package အတိုင်း Grade အပြည့်ဆုံး ပါဝင်မှာဖြစ်ပါတယ်။ AIR S မှ AIR S ဖြစ်နေသူတွေ အတွက်ကတော့ Engine Power အနေနဲ့ ရွေးချယ်စရာ မရှိပါဘူး။ 3000 CC နဲ့သာလာတဲ့ အတွက် အင်ဂျင်ပါဝါများပေမဲ့ AIR S လိုချင်ရင် 3000CC ကိုသာရွေးချယ်မှ ရမှာဖြစ်ပါတယ်။ AIR S Grade မှာ ထူးခြားချက်ကတော့ ရှော့ခ်ဘားအနိမ့်အမြင့် ကို Control လုပ်တဲ့ စနစ် ပါဝင်လာတာပဲဖြစ်ပါတယ်။ ဒီတင်မက Air Spring Type (လေအိတ်) ကို အသုံးပြုထားတာဖြစ်တဲ့အတွက် Harrier ရဲ့ တခြား Grade တွေနဲ့ ယှဉ် လိုက်ရင် ထိုင်ခုံပိုင်းကအစ နူးညံ့ အိစက်ပြီး စီးရတာ အလွန်သက်တောင့်သက်သာ ရှိလှပါတယ်။ ဒီ AIR S Grade မှာတော့ Cruise Control က ပါဝင်လာပြီဖြစ်ပါတယ်။Original TV နဲ့ နောက်ဖုံးမော်တာ တွေကတော့ AIR S Grade ကားအများစုမှာ ပါဝင်လာတတ်ပါတယ်။ Front Camera, Back Camera နဲ့ Side Camera အစရှိတာတွေက တော့ ပါလာတာများပါတယ်။ ဒါပေမဲ့ ပုံသေမှတ်မရပါဘူး ရံဖန်ရံခါ မပါလာတာတွေလဲ တွေ့ရတဲ့အတွက် Optional ပေါ့နော်။ နောက်ဖုံး Spoiler ကလည်း တခြား Grade တွေနဲ့မတူပဲ အပြည့်ဖြစ်သွားပါတယ်။ AIR S မှာနောက်တခုထူး ခြားတာက AFS Function ပါဝင်လာပါတယ်။

AFS Function အကြောင်း

AFS Function ဆိုတာဘာလဲလို့မေးစရာ ဖြစ်လာပါတယ်။ လူတော်တော်များများ “AFS” ဆိုတော့ “ABS” နဲ့ မှားကြပါတယ်။ ဒါပေမဲ့ “AFS” ဆိုတာလဲ တစ်ကယ်ရှိပါတယ်။ “AFS” ဆိုတာကတော့ တစ်ကယ်တမ်းတော့ ခလုတ်တစ်ခုပါပဲ။ အဲ့ခလုတ်လေးက ဘာကို စွမ်းဆောင်ပေးလဲဆိုရင်တော့ Low Beam နဲ့ High Beam ကို Automatic Change လုပ်ပေးရုံသာမက အကွေ့နေရာတွေဆိုရင် Steering လှည့်တာနဲ့ ရှေ့မီးသီးကပါ အနည်းငယ် လိုက်လှည့်ပေးပြီး High Beam သို့ Automatically ပြောင်းသွားမှာဖြစ်ပါတယ်။အဲ့ဒီလိုကွေ့ပြီး Steering ပြန်တည့်သွားတဲ့ အချိန်ကျရင်တော့ Low Beam ကို ပြန်ပြောင်းသွားမှာဖြစ်ပါတယ်။ အကွေ့အကောက်တွေမှာ ရှေ့မှာဘာရှိလဲ ဆိုတာကို ထိုးပြီး ကြည့်တဲ့သဘောတရားပါပဲ။ အလွန်အသုံးဝင်တဲ့ Function လေးတစ်ခုပါ။

Credit;Original Writer

Read 2633 times