လျှပ်စစ်ဆိုင်ကယ်ထုတ်လုပ်မည့် Harley-Davidson


Harley-Davidson သည် Milwaukee မြို့တွင် ပြုလုပ်သည့် ကုမ္ပဏီသက်တမ်း ၁၁၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် ထုတ်လုပ်မှုမော်ဒယ်နှင့် အနီးစပ်ဆုံး တူညီမည့် Live Wire အမည်ရှိ လျှပ်စစ်ဆိုင်ကယ်မော်ဒယ်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ကြောင်း သိရပါတယ်။

Harley-Davison သည် ၂၀၁၄ ခုနှစ်မှစ၍ လျှပ်စစ်ဆိုင်ကယ်ထုတ်လုပ်ရန် Project Live Wire စီမံကိန်း ချမှတ်ခဲ့ပြီး ယခုအခါ ၎င်းတို့၏ ထုတ်ကုန်အသစ်ကို စတင်မိတ်ဆက်ပြသခြင်း ဖြစ်ပါတယ်။

Live Wire ဆိုင်ကယ်ကို နည်းလမ်းသစ်ဖြင့် စီးနင်းလိုသည့် ဖောက်သည်အသစ်များအား ဆွဲဆောင်နိုင်ရန် Twewist and go ဒီဇိုင်းပုံစံဖြင့် ထုတ်လုပ်ထားသဖြင့် လက်ရှိ Harley-Davidson ဆိုင်ကယ်များနှင့် မတူသော်လည်း စီးနင်းသည့်အခါ မိမိတို့၏ မျိုးရိုးဗီဇအရသာ ခံစားရမည်ဟု ကုမ္ပဏီတည်ထောင်သူ၏ မြစ်ဖြစ်သူ Bill Davidson က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် ထုတ်လုပ်သည့် Live Wire လျှပ်စစ်ဆိုင်ကယ်ကို လက်ရှိအချိန်တွင် နမူနာပြရန် တစ်စီးသာ ထုတ်လုပ်ထားပြီး အစိတ်အပိုင်းအများစုကို လက်ဖြင့် တပ်ဆင်တည်ဆောင်ထားခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ်မှသာ ဈေးကွက်အတွင်း စတင်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

အမေရိကန်ဈေးကွက်တွင် Live Wire လျှပ်စစ်ဆိုင်ကယ်ကို Gloss Black, Matte Yellow, Fused Orange အရောင်သုံးမျုးိဖြင့် ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Read 717 times