၂၀၃၅ မှာ ပင်ကိုမောင်နှင်ကား ထက်ဝက်ရှိဖို့ တောင်ကိုရီးယား ရည်မှန်း


  ၂၀၃၅ မှာ ပင်ကိုမောင်နှင်ကား ထက်ဝက်ရှိဖို့ တောင်ကိုရီးယား ရည်မှန်း
TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

တောင်ကိုရီးယားသည် ၂၀၂၇ ခုနှစ်တွင် အဆင့်(၄) ပင်ကိုမောင်းနှင် မော်တော်ယာဉ်များကို စီးပွားဖြစ် စတင်ထုတ်လုပ်ရန် ရည်မှန်းထားပါသည်။
၂၀၃၅ ခုနှစ်တွင်  အသစ်ထွက်ရှိထားသော ကားများ၏ ထက်ဝက်သည် ပင်ကိုမောင်းနှင် အဆင့်(၄) မော်ဒယ်များအဖြစ် ထုတ်လုပ်ရန် ရည်မှန်းထားသည်ဟု မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။

တောင်ကိုရီးယားသည် ယခုနှစ်တွင် အဆင့်(၃) ပင်ကိုမောင်းနှင် မော်တော်ယာဉ်ကို စီးပွားဖြစ်ထုတ်လုပ်သည့် ကမ္ဘာ့တတိယမြောက်နိုင်ငံဖြစ်လာရန် ရည်မှန်းထားသည်။ အမေရိကန်နှင့် ဂျပန်တို့နည်းတူ ဖြစ်လာဖို့ ရည်မှန်းထားခြင်း ဖြစ်ကြောင်း Yonhap မီဒီယာက မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနကို ကိုးကားပြီး သတင်းဖော်ပြသည်။ 

၂၀၂၇ တွင် မောင်းသူမဲ့ ပင်ကိုမောင်းနှင် ဘတ်စ်ကားများ ပြေးဆွဲရန် ရည်မှန်းထားသည်။

Hyundai Motor Group ၏ အဓိကတွဲဖက်လုပ်ငန်းဖြစ်သော Hyundai Mobis ကုမ္ပဏီသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် Consumer Electronics Show (CES) တွင် ၎င်း၏ စိတ်ကူးနမူနာ M.Vision ဖြင့် အဆင့်(၄) ပင်ကိုယ်မောင်းနှင်နိုင်သော အလိုအလျောက်စနစ် နည်းပညာကို ပြသခဲ့သည်။

ရည်မှန်းချက် အောင်မြင်ရန် အစိုးရသည် လက်ရှိသယ်ယူပို့ဆောင်ရေးစနစ်များကို ပြုပြင်မွမ်းမံမည်ဖြစ်သည်။ အာမခံထားသည့် အစီအစဉ်များကိုလည်း ပြင်ဆင်မည်။ 

Level 4 အဆင့်(၄)တွင် ယာဉ်သည် အကန့်အသတ်ရှိသော အခြေအနေအောက်တွင် မိမိကိုယ်တိုင် မောင်းနှင်နိုင်သည်။ လိုအပ်သော အခြေအနေများအားလုံးကို ကျေနပ်မှု မရပါက ဆက်လက်မောင်းနှင်ခြင်း မပြုသေးဘဲ စောင့်ဆိုင်းမည် ဖြစ်သည်။
 
Level 5 အဆင့် (၅)တွင် ယာဉ်၏ ပင်ကို မောင်းနှင်မှု စွမ်းရည်နှင့် အင်္ဂါရပ်များသည် မည်သည့်အခြေအနေများတွင်မဆို မောင်းနှင်နိုင်သည်။

အဆိုပါ အစီအစဉ်ကို ထောက်ကူရန် လမ်းများပေါ်တွင် ပင်ကိုမောင်းနှင်သည့် ကားများကြား အချိန်နှင့်တပြေးညီ ဆက်သွယ်ရေးအတွက်  ဆက်သွယ်ရေးစနစ်များကို အစိုးရက တပ်ဆင်ပေးမည်ဖြစ်သည်။ အဓိကမြို့ကြီးများနှင့် လမ်းများတွင် ပင်ကို‌မောင်းနှင်ကားများနှင့် လျှပ်စစ်ကားအခြေခံအဆောက်အအုံများကြားတွင်လည်း အချိတ်အဆက် ရှိအောင် စီမံပေးထားမည် ဖြစ်သည်။  
အလျားစုစုပေါင်း ၁၁၀,၀၀၀ ကီလိုမီတာ ရှိသည့် လမ်းများတစ်လျှောက် ဆက်သွယ်ရေးစနစ် တပ်ဆင်ပေးမည် ဖြစ်သည်။
၂၀၃၀ နောက်ဆုံးထားပြီး အကောင်အထည်ဖော်မည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရသည် မိုးပျံတက္ကဆီ ပြေးဆွဲခြင်း အပါအဝင် မြို့တွင်းသွားလာရေးအတွက် မြို့ပြလေကြောင်းသွားလာရေး ဝန်ဆောင်မှုများကို ၂၀၂၅ ခုနှစ်တွင် စီးပွားဖြစ်လုပ်ကိုင်ရန် ကြိုးပမ်းနေသည်။
တောင်ကိုရီးယားမှ အဓိကဆက်သွယ်ရေး လုပမငန်းကြး ၃ ခု ဖြစ်သည့်  SK Telecom Co., KT Corp. , LG Uplus Corp. တို့က အစိုးရ၏မြို့ပြလေကြောင်းရွေ့လျားမှု အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြသည်။
Source koreatimes
#MyanmarAutomobileGuide 
 

Read 275 times