အီးဗီစစ်စစ်နှင့် ဟိုက်ဘရစ်အီးဗီ အစီးရေ ၅ သိန်းကျော် ထိုင်းနိုင်ငံ လမ်းများပေါ် ရောက်ရှိ


အီးဗီစစ်စစ်နှင့် ဟိုက်ဘရစ်အီးဗီ အစီးရေ ၅ သိန်းကျော် ထိုင်းနိုင်ငံ လမ်းများပေါ် ရောက်ရှိ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ထိုင်းနိုင်ငံတွင် အီးဗီဆီသို့ ကူးပြောင်းလျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက်အထိ ကနဦး မှတ်ပုံတင်ထားသည့် အီးဗီစစ်စစ်နှင့် ဟိုက်ဘရစ်အီးဗီ ၅၁၂,၃၄၃ စီး ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန  Land Transport (DLT) က စာရင်းထုတ်ပြန်ပေးပါသည်။

အသေးစိတ်စာရင်းကို ဖော်ပြအပ်ပါသည်။

• ဘက်ထရီ အီးဗီ  ၁၂၀,၇၁၉ စီး
• ဘင်ဇင်းသုံး ဟိုက်ဘရစ်အီးဗီ  ၃၂၆,၁၇၈ စီး
• ဒီဇယ်သုံး ဟိုက်ဘရစ်အီးဗီ  ၁၁,၅၉၆ စီး
• LPG/ဘင်ဇင်းသုံး ဟိုက်ဘရစ်အီးဗီ  ၄၀၀ စီး
• ဘင်ဇင်းသုံး ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်အီးဗီ  ၅၃,၁၇၂ စီး
• ဒီဇယ်သုံး ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်အီးဗီ  ၂၇၈ စီး 


ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနက ၇ ယောက်စီးထက် မပိုသည့် အိမ်စီးကားများတွင် ကနဦး မှတ်ပုံတင်ခဲ့သည့် စီးရေအများဆုံး ကားအမှတ်တံဆိပ် စာရင်းကိုလည်း ထုတ်ပြန်ပါသည်။

• တိုယိုတာ  ၃,၉၅၁,၃၉၃ စီး
• ဟွန်ဒါ  ၂,၃၆၉,၆၈၆ စီး
• အီစူဇူး  ၁,၂၂၈,၂၄၁ စီး
• မစ်စူဘီရှီ  ၈၆၇, ၀၈၈ စီး
• နီဆန်း  ၇၉၈,၀၈၃ စီး

ထိုင်းကားဈေးကွက်တွင် အစဉ်အလာ ရှိထားသည့် ဂျပန် ကားအမှတ်တံဆိပ်များက ဆက်လက်ကြီးစိုး ထားဆဲ ဖြစ်သော်လည်း တရုတ် အီးဗီများက ဈေးကွက်တွင် ခြေကုပ် ရရှိနေပြီ ဖြစ်ပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြသခဲ့သည့်  40th Thailand International Motor Expo ကားပြပွဲတွင် ကား ၅၃,၂၄၈ စီး၊ မော်တော်ဆိုင်ကယ် ၇,၃၇၃ စီး ကြိုဆင်အမှာစာများ ရရှိခဲ့သည်။ ၆၁.၆% သည် အင်ဂျင်ကားများ ဖြစ်ပြီး ၃၈.၄% သည် အီးဗီအမျိုးမျိုး ဖြစ်ပါသည်။

အမှာစာ အများဆုံး ရရှိသည့် အမှတ်တံဆိပ်များတွင် BYD ပါဝင်ပြီး တိုယိုတာ၊ ဟွန်ဒါတို့နှင့် ထောင်ဂဏန်းမျှသာ ကွာဟပါသည်။
• တိုယိုတာ  ၇,၂၄၅ စီး
• ဟွန်ဒါ  ၆,၁၄၉ စီး
• BYD  ၅,၄၅၅ စီး
အမှာစာများ အသီးသီး ရရှိခဲ့ပါသည်။

Source nationthailand 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 3593 times