ထိုင်းဟွန်ဒါ အရောင်းလျာထားချက် လျှော့ချ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံ မော်တော်ဆိုင်ကယ် ဈေးကွက်သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် မော်တော်ဆိုင်ကယ်ဝယ်ယူမှု တိုးလာမည်ဟု မျှော်လင့်ထားသော်လည်း ထိုင်းဈေးကွက်တွင် ငွေကြေးဖောင်းပွမှုဒဏ်ကို ခံနေရဆဲဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခုနှစ်အတွင်း ပြည်တွင်း၌ ရောင်းချရန် ရည်မှန်းထားသည့် အစီးရေကို ၁.၇၅ သန်းကို လျှော့ချပြီး ပြန်လည်ပြင်ဆင်သတ်မှတ်ထားကြောင်း ထိုင်းနိုင်ငံတွင် Honda မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချသည့် Thai Honda Co. က ပြောကြားသည်။
ယခင်ရွေးကောက်ပွဲများအတွင်း မှတ်တမ်းတင်ထားသည့် နှုန်းထားများအတိုင်း ယခုလာမည့် ရွေးကောက်ပွဲတွင်လည်း မော်တော်ဆိုင်ကယ်ဈေးကွက်တွင် ရောင်းအား ၅ မှ ၁၀ ရာခိုင်နှုန်းအထိ တိုးမြင့်စေနိုင်သည်ဟု Thai Honda ၏ အရောင်းနှင့်စျေးကွက်ရှာဖွေရေးအရာရှိချုပ် Wiwat Lertpati က ပြောကြားသည်
မော်တော်ဆိုင်ကယ် စျေးကွက်ကို တစ်နှစ်တာအတွက် ကြည့်ပါက စုစုပေါင်းရောင်းအားသည် ၂၀၂၂ ခုနှစ်စံချိန်ဖြစ်သော အစီးရေ ၁.၈ သန်းအောက် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။
“လူတွေရဲ့ ဝယ်ယူနိုင်စွမ်းအား အားနည်းနေသေးတဲ့အတွက် ကုမ္ပဏီက အရောင်းလျာထားချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်" ဟု Mr Wiwat က ပြောကြားသည်။
Thai Honda ၏ ဥက္ကဋ္ဌ Shigeto Kimura က မြင့်မားသော ငွေကြေးဖောင်းပွမှုသည် မော်တော်ဆိုင်ကယ်ရောင်းအားကို ကျဆင်းစေသော အဓိကအကြောင်းရင်း ဖြစ်သည်ဟု ရှုမြင်သည်။
Thai Honda သည် အစီးရေ ၁.၃၈ သန်း ရောင်းချရန် ရည်မှန်းထားပြီး ယင်းပမာဏသည် ယမန်နှစ်က အရောင်းပမာဏ ဖြစ်သည်။
ယမန်နှစ်က ရောင်းအား ၁၂% မြင့်တက်ခဲ့ပြီး အစီးရေ ၁.၃၈ သန်း ရောင်းချခဲ့ပါသည်။
Thai Honda သည် အော်တိုမက်တစ် (AT) နှင့် အကြီးစားဆိုင်ကယ် big bike အမျိုးအစားများတွင် အသစ်ထွက်ရှိသော ဆိုင်ကယ်ေမာ်ဒယ်များဖြင့် ယခုနှစ်တွင် အလားအလာရှိသော ဝယ်ယူသူများကို ဆွဲဆောင်မည်ဖြစ်သည်။
Thai Honda က ထိုင်းနိုင်ငံ၏ အကြီးစား ဆိုင်ကယ် ကဏ္ဍသည် ယခုနှစ်တွင် ၁၀% ကြီးထွားမည်ဖြစ်ပြီး ရောင်းအား အစီးရေ ၁၈,၀၀၀ မျှော်မှန်းထားသည်။
Honda big bike အစီးရေ ၈,၀၀၀ မှ ၈,၂၀၀ အထိ ရောင်းချနိုင်မည်ဟု မျှော်မှန်းထားသည်။
လျှပ်စစ်မော်တော်ဆိုင်ကယ်များအတွက် အားသွင်းစခန်း အရေအတွက်ကိုလည်း ယခုနှစ်တွင် ၁၀၀ အထိ တိုးမြှင့်သွားရန် စီစဉ်လျက်ရှိသည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U