နစ်ဆန်းအိက်စ်ထရေး ကားအမျိုးအစားမှာဖြစ်တတ်တဲ့ ပြဿနာ ရှစ်ချက်


နစ်ဆန်းအိက်စ်ထရေး(Nissan X-Trail) ကားအမျိုးအစားကို ပြည်တွင်းမှာ ဘရန်းနယူးကားအနေနဲ့ သုံးစွဲသူများပါတယ်။ Carcomplaints . com ရဲ့ အဆိုအရ ၂၀၁၅ မော်ဒယ်နစ်ဆန်းအိက်စ်ထရေးရဲ့ရေဒီယေတာ(radi-ator) ယိုစိမ့်မှုဖြစ်တာဟာ ကွန်ပလိန်းအများဆုံးဖြစ်တယ်လို့ ဆိုတယ်။

အင်ဂျင်ပြဿနာ

၂၀ဝ၆ မော်ဒယ်လ် နစ်ဆန်းအိက်စ်ထရေးမှာ အများဆုံးဖြစ်တဲ့ ပြဿနာကတော့ အင်ဂျင်ပြဿနာဖြစ်ပါတယ်။ မိုင်တစ်သိန်း ကျော်မောင်းနှင်ပြီးတဲ့အခါ အဖြစ်များပါတယ်။ အင်ဂျင်အပူရှိန်မြင့်တက်လာတာပါ။ ဂက်စ်ကတ် (gasket) ချို့ယွင်းတဲ့အတွက်ဖြစ်တာများပါတယ်။ အင်ဂျင်အလွတ် လည်ပတ်တဲ့အခါ ကြမ်းတမ်းတာ၊ အင်ဂျင်တုန်ခါတာတွေ ဖြစ်တတ်ပါတယ်။

အင်တာကူလာယိုစိမ့်လာ

၂ ဝ၀၆ မော်ဒယ်လ်နစ်ဆန်း အိက်စ်ထရေးကို မိုင်တစ်သိန်းခွဲကျော် မောင်းနှင်ပြီးတဲ့အခါအဖြစ်များပါတယ်။ တာဘိုအင်ဂျင်မှာရှိတဲ့ အင်တာကူလာ (Intercooler) ကနေ ဆီယိုစိမ့်တာအဖြစ်များပါတယ်။စက်စနှိုးတာနဲ့ လည်ပတ်မှုကြမ်းတမ်းတာ၂၀ဝ၆ မော်ဒယ်လ်နစ်ဆန်းအိက်စ်ထရေးကို မိုင်တစ်သိန်းခွဲမောင်းနှင်ပြီးတဲ့အခါအဖြစ်များပါတယ်။ စက်ကိုစတင်နှိုးလိုက်တာနဲ့အင်ဂျင်ကကြမ်းကြမ်းတမ်းတမ်းလည်ပတ်တတ်တာပါ။ အင်ဂျင်ပလပ်တွေလဲလှယ်ထားပေမဲ့လည်း အဲသည် အမူအကျင့်ကပျောက်မသွားဘဲ ရှိနေတတ်ပါတယ်။

တံခါးလော့ခ်ပြဿနာ

၂၀ဝ၆ မော်ဒယ်လ် နစ်ဆန်းအိက်စ် ထရေးကို မိုင် ၆၅,ဝဝဝ ကျော်မောင်းနှင်ပြီးတဲ့ ကားတွေမှာအဖြစ်များပါတယ်။ လော့ခ်ကျသွားပြီးချက်ချင်း ပြန်ဖွင့်လို့မရတဲ့ပြဿနာပါ။ ယာဉ်မောင်းသူတံခါးက လော့ခ်ကျသွားရင် ကာစတန်မာဘက်က တံခါးကနေထွက်ရတာများပါတယ်။

လောင်စာဆီပန့်ပ်

၂၀ဝ၆ မော်ဒယ်လ် နစ်ဆန်းအိက်စ်ထရေးကို မိုင် ၂၀,ဝဝဝ လောက်မောင်းနှင်ပြီးတဲ့အခါ fuel pump တွေလဲလှယ်ရတာများပါတယ်။

ရေဒီယေတာကူးလင့်ယိုစိမ့်တာ

၂၀ဝ၆ မော်ဒယ်လ်နစ်ဆန်းအိက်စ်ထရေးကို မိုင်တစ်သိန်းနီးပါးမောင်းနှင်ပြီးတဲ့ အခါအဖြစ်များပါတယ်။ အဝေးပြေးလမ်းမှာမောင်းနှင်တဲ့အခါ အင်ဂျင်ရဲ့လည်ပတ်တဲ့ rpm ကျဆင်းပါတယ်။ ပြဿနာက radiator ရေဒီယေတာချို့ယွင်းတဲ့အတွက်ယိုစိမ့်တာပါ။ ပျက်စီးတဲ့အစိတ်အပိုင်း တွေကိုအသစ်လဲလှယ်ပြုပြင်ရမှာဖြစ်ပါတယ်။

ကားဘီးက အသံမြည်တာ

၂၀ဝ၆ မော်ဒယ်လ် နစ်ဆန်းအိက်စ်ထရေးကို မိုင် ၆၀,ဝဝဝ နီးပါးမောင်းနှင်ပြီးတဲ့အခါအဖြစ်များပါတယ်။ ယာဉ်ရဲ့ နောက်ဘီးတွေကအသံမြည် လာတာမျိုးဖြစ်တယ်။ တာယာတွေကိုစစ်ဆေးပြီး အရည်အသွေးမပြည့်မီတော့တဲ့ ကားတာယာတွေကိုလဲလှယ်ရမှာဖြစ်ပါတယ်။

ဝိုက်ပါအလုပ်မလုပ်တာ

၂၀ဝ၆ မော်ဒယ်လ် နစ်ဆန်းအိက်စ်ထရေးကို မိုင် ၆၀,ဝဝဝ ကျော်မောင်းနှင်ပြီးတဲ့အခါအဖြစ်များပါတယ်။ အခုလို မိုးများတဲ့အချိန်တွေမှာဝိုက်ပါ ကောင်းမွန်နေပါမှ လုံခြုံစိတ်ချနိုင်တာဖြစ်ပါတယ်။ မိုးရွာတဲ့အခါ ရှေ့လေကာမှန်ပေါ်မှာရှိတဲ့ဝိုက်ပါက အလုပ်မလုပ်ရင်တော့ဆက်လက်မောင်းနှင်လို့ မရပါဘူး။ အဲဒါကဝိုက်ပါကလှုပ်ရှားစေတဲ့ မော်တာချို့ယွင်းတာကြောင့် အလုပ်မ လုပ်တာများပါတယ်။ အသစ်လဲလှယ်ရပါမယ်။နစ်ဆန်း X-Trail အနေနဲ့ ကြီးမားတဲ့ ပြဿနာတွေမရှိတဲ့အတွက် ကားကောင်းတစ်စီးအဖြစ်သတ်မှတ်နိုင်ပြီး လမ်းကြမ်းခရီးတွေမှာလည်း မောင်းနှင် လို့အဆင်ပြေတဲ့ ကားတစ်စီးဖြစ်ပါတယ်။

Read 364 times