Toyota  တရုတ်ဖက်စပ်လုပ်ငန်း အလုပ်သမား ၁၀၀၀ ခန့်ကို အလုပ်ထုတ်


Toyota  တရုတ်ဖက်စပ်လုပ်ငန်း အလုပ်သမား ၁၀၀၀ ခန့်ကို အလုပ်ထုတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်နိုင်ငံရှိ Toyota Motor ၏ ဖက်စပ်လုပ်ငန်း မှ  အလုပ်သမား ၁၀၀၀ ခန့်ကို စာချုပ်သက်တမ်း မပြည့်ခင် အလုပ်ထုတ်လိုက်သည်။

 
 Toyota နှင့် တရုတ်နိုင်ငံပိုင် Guangzhou Automobile Group (GAC) တို့၏ ဖက်စပ်လုပ်ငန်း Guangzhou Toyota Motor Co  သည် အလုပ်သမားများအား ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ပြီး လျော်ကြေးပေးခဲ့သည်။

အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများကို အလုပ်သမား ဝန်ဆောင်မှု ကုမ္ပဏီများက ငှားရမ်းကာ တောင်ပိုင်း ကွမ်ကျိုးမြို့ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်ရန် စေလွှတ်ခဲ့သည်။

Guangzhou Toyota Motor Co သည် မကြာသေးမီက ထုတ်လုပ်မှု လျှော့ချလိုက်သည့် ရေချိန်အရ အလုပ်သမား ဝန်ဆောင်မှုကုမ္ပဏီများထံမှ စေလွှတ်သည့် အလုပ်သမား ၁၀၀၀ ခန့်အတွက် စာချုပ်များကို အချိန်မတိုင်မီ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုမ္ပဏီအနေဖြင့် ဥပဒေအရ လိုအပ်သည့် လျော်ကြေးငွေများ ပေးအပ်မည်ဖြစ်ပြီး အလုပ်ဖြုတ်သူများအား အခြေအနေကို အမှန်အတိုင်း ရိုးဖြောင့်စွာ ရှင်းပြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ကွမ်ကျိုးစက်ရုံသည် တစ်နှစ်လျှင် ကားစီးရေ တစ်သန်းအထိ ထုတ်လုပ်နိုင်သည်။ လုပ်သား ၁၉,၀၀၀ ဝန်းကျင် အလုပ်ခန့်ထားသည်။ Camry, Levin, bZ4X မော်ဒယ်များ ထုတ်လုပ်သည်။

တရုတ်ပြည်တွင် ပထမ ၆ လမှာ Toyota ရောင်းအား ၉% ကျဆင်းခဲ့သည်။ 
bZ4X EV ကို ဖေဖော်ဝါရီလတွင် ၁၅% ဈေးချခဲ့သည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 558 times