ကွမ်ကျိုး ကားပြပွဲကြီးတွင် MG Cyberster လျှပ်စစ် အမိုးပွင့် အိမ်စီးပြိုင်ကား ပြသ ရောင်းချ


ကွမ်ကျိုး ကားပြပွဲကြီးတွင် MG Cyberster လျှပ်စစ် အမိုးပွင့် အိမ်စီးပြိုင်ကား ပြသ ရောင်းချ 

Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကွမ်ကျိုး ကားပြပွဲ Guangzhou Auto Show 2023 တွင် လျှပ်စစ် အမိုးပွင့် အိမ်စီးပြိုင်ကား MG Cyberster ကို ပြသထားပြီး အရောင်း စဖွင့်ခဲ့ပါသည်။
ဈေးနှုန်းများမှာ ယွမ် ၃၁၉,၉၀၀ မှ ၃၅၉,၈၀၀ အထိ (44,300 – 49,800 USD) ဖြစ်ပြီး အဆင့်အတန်း ၃ မျိုး ထုတ်လုပ်ပါသည်။

 

Guangzhou Auto Show 2023 တွင် ပြသထားသည့် MG Cyberster

 

MG က ဇူလိုင်လတွင် ကျင်းပခဲ့သော Goodwood Festival of Speed တွင် အမိုးဖွင့်ထားနိုင်သော အိမ်စီး ပြိုင်ကားမော်ဒယ်ကို ပထမဆုံးအကြိမ် ပွဲထုတ်ခဲ့သည်။
ဩဂုတ်လတွင် ချန်ဒူးကားပြပွဲတွင် ဒုတိယအကြိမ် ပွဲထုတ်ပြသခဲ့သည်။ 
ယခု နိုဝင်ဘာလတွင် ကွမ်ကျိုး ကားပြပွဲကြီးတွင် တတိယအကြိမ်အဖြစ် MG Cyberster ကို ပြသခဲ့ပြီး အရောင်း စဖွင့်လိုက်သည်။

MG (Morris Garages) သည် ရှေးယခင်က ဗြိတိသျှ ကားအမှတ်တံဆိပ်ဖြစ်ပြီး တရုတ်နိုင်ငံမှ နိုင်ငံပိုင်  ကားလုပ်ငန်းကြီး SAIC က ဝယ်ယူခဲ့သည်။ MG ကို လျှပ်စစ်ကားအဖြစ် တဖန်မွေးဖွားပေးခဲ့သည်။

MG Cyberster ကို SAIC က တရုတ်ပြည်မှ ကားစက်ရုံတွင် ထုတ်လုပ်သည်။ Ningde မြို့ရှိ  MG4 နောက်ဖုံးဖွင့် hatchback မော်ဒယ် ထုတ်လုပ်သည့်  ကားစက်ရုံတွင် ထုတ်လုပ်သည်။
၂ ယောက်စီး အမိုးဖွင့်နိုင်သည့် ကားကိုယ်ထည် အမျိုးအစားဖြစ်သည့် roadster အဖြစ် ထုတ်လုပ်ထားသော်လည်း အခြား roadster မော်ဒယ်များ အများစုကဲ့သို့ သေးသေးလျစ်လျစ် မဟုတ်ဘဲ အရွယ်အစား ကြီးသည်ဟု ဆိုနိုင်သည်။
ကိုယ်ထည် အတိုင်းအတာများမှာ

  • အလျား 4535 mm
  • အကျယ် 1913 mm
  • အမြင့် 1329 mm
  • ခါးအလျား 2690 mm 

ဖြစ်ပါသည်။
တံခါးနှစ်ချပ်မှာ ကက်ကြေး scissor တံခါး သုံးထားသည်။

အဆင့်အတန်း ၃ မျိုးကို သွားနိုင်သည့် ခရီးတာအရ ခွဲခြားထားသည်။ 501 km, 580 km နှင့် 520 km တို့ ဖြစ်ပါသည်။

ဘက်ထရီလုပ်ငန်းကြီး CATL နှင့် SAIC တို့၏ ဖက်စပ်လုပ်ငန်းမှ MG Cyberster ကို ထုတ်လုပ်ပါသည်။

ဈေးနှုန်း အသီးသီးမှာ ယွမ် ၃၁၉,၈၀၀ (44,300 USD)၊ ယွမ် ၃၃၉,၈၀၀ (47,000 USD) နှင့် ယွမ် ၃၅၉,၈၀၀ (49,800 USD) တို့ ဖြစ်ပါသည်။


MG Cyberster အထူးထုတ် ဗားရှင်းကို ၄ ဘီးယက်၊ အမိုးနီဖြင့် ၂၀၂၄ ခုနှစ် မတ်လတွင် စတင် အရောင်းဖွင့်ရန် အစီအစဉ် ရှိပါသည်။

အမိုးဖွင့်ရန် 50km/h အမြန်နှုန်းအောက်တွင် ၁၀ စက္ကန့်သာ ကြာပါသည်။ 

ဆော့ဖ်ဝဲအတွက် Qualcomm Snapdragon 8155 ချစ်ပ် သုံးစွဲပါသည်။


Source carnewschina 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1221 times