ကမ္ဘာ့ပြိုင်ကားလောကကို ရိုက်ခတ်သွားသော Janpan ကား GTR R35


GTR ဟု ဆိုလိုက်လျှင် GTR ၏ ဖခင်ကြီးဟု သတ်မှတ်၍ ရသည့် GTR project ချိအင်ဂျင်နီယာ ကာဇူတိုရှိ မီဇူနိုသည် စူပါကားတိုင်းသည် ဟန်မိတ်ကား (Koeneisegg, Bugatti et) ဖြစ်သည်ဆိုသော ဥရောပ အိုင်ဒီယာကို လုံးဝလက်မခံခဲ့သူတစ်ဦးဖြစ်သဖြင့် ဈေးသက်သာစွာဖြင့် အများကြီးထုတ်နိုင်သော Sport car တည်ဆောက်ရန်အမြဲတမ်းစိတ်ထဲရှိနေခဲ့ပါသည်။

ထိုကြောင့် ၁၉၆၉ ခုနှစ်ကတည်းက GTR ဆိုသောနာမည်ဖြင့် Sport car စတင်ထုတ်လုပ်လာခဲ့ရာ ယခုဆိုလျှင် နှစ်ငါးဆယ်ပြည့်တော့မည်ဖြစ်ပါသည်။

ယခင်ကားမာျးတွင် Skyline Platform ၏ Grade အနေဖြင့် GTR Grade ဆို၍ ထွက်ပြီး GTR နှင့် Skyline ဆိုသော နာမည်နှစ်ခုကို တွဲလျက် R34 GTR ထိသာ တွေ့ပါမည်။

ယခင်ကားများတွင် Skyline ဆိုသည့်နာမည်ကို V35 ဟု အပြီးပေးလိုက်ပြီး ယခုထွက်လာသော 35 ကို Nissan GTR ဟုသာ သီးသန့်ခေါ်ဝေါ်ပြီး Skyline Platform ထဲတွင် မပါဝင်တော့ဘဲ။

ယခင်ကားများအတိုင်း ခြောက်လုံးထိုးအင်ဂျင်ကို သုံးထားသော်လည်း ယခင်ကားအင်ဂျင် RB26 ကဲ့သို့ အလျားလိုက်စီထားသော ်ဆလင်ဒါများမဟုတ်တော့ဘဲ V ပုံစံစီထားသော VR38 အင်ဂျင်ဖြစ်သွားပြီး ယခင်ကားများကဲ့သို့ ပြိုင်တူအလုပ်လုပ်သော Parallel twin Turbo system ပါသည်။

အင်ဂျင်မှာ ပုံမှန်ကားများကဲ့သို့ အင်ဂျင်နှင့် ဂီယာဘောက်က ကပ်လျက်မရှိတော့ဘဲ အင်ဂျင်က ရှေ့ဂီယာဘောက်ကတော့ ကားနောက်ပိုင်းဝင်ရိုးကို ခွထိုင်ထားသည်။

အင်ဂျင်ကလည်း ယခင်လို ရှေ့ဝင်ရိုးပေါ်တည့်တည့်ထိုင်သည့် ဒီဇိုင်းမဟုတ်တော့ဘဲ ကား၏ အလည် centre ကိ ရသလောက်ယူသော ဒီဇိုင်း (Front midship platform FM platform) ပုံစံဖြစ်သွားပြီး Drivetrain system ကတော့ ယခင်ကားများအတိုင်း All Wheel Drive System ဖြစ်ပါသည်။

FM Platform ဒီဇိုင်းဖြစ်ခြင်းကြောင့် အောက်ပိုင်းများရွေ့လျားသည့်အခါတွင် အင်ဂျင်ဝိတ်ပိနေခြင်းမျိုးမရှိတော့ဘဲ ဂီယာဘောက်မှာ ဘူဂါတီများကဲ့သို့ ကလပ်နှစ်စုံပါသော စနစ်နှင့် လုပ်ထားပါသည်။

Auto ရော Tip-tronic system ရော သုံး၍ ရသော six speed gearbox တပ်ဆင်ထားပြီး Transmission Software မြင့်လိုက်ပါက ပို၍ စီး၍ကောင်းကြောင်းသိရပါသည်။

GTR 35 ကိုထုတ်လုပ်ရန် ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက Nissan က စီစဉ်နေခဲ့ပြီး နမူနာပုံစံအနေနှင့် ၂၀၀၁ တွင် တစ်ကြိမ်၊ ၂၀၀၅ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ် စသဖြင့် သုံးကြိမ်ကြေညာခဲ့ပါသည်။

၂၀၀၇ ခုနှစ်တွင် GTR နမူနာပုံစံကို တိုကျိုကားပြပွဲတွင် စတင်မိတ်ဆက်ပြီး ရောင်းကုန်အနေဖြင့် ၂၀၀၈ ခုနှစ် ဂျူလိုင်တွင် ဈေးကွက်ထဲ တရားဝင် စတင်ဖြန့်ချီခဲ့ပါသည်။

အပြင်ပန်းအသွင်ပုံကို ကြည့်မည်ဆိုလျှင် GTR က ယခင်မိုဒယ်များကဲ့သို့ Japanese အငွေ့အသက်မာျးကို အပြည့်အဝဆောင်ကျဉ်းပေးနေသည်။

ဥရောပပြိုင်ကားများနျှင့် ကွဲပြားစွာ ကိုယ်ထည်ကြီးမားကား၊ အမိုးအမြင့်မှာ လူတစ်ယောက်၏ ရင်အုံခန့်ရှိပါသည်။

GTR ကို ဒီဇိုင်းရေးဆွဲသူသည် ဂျပန်ကာတွန်း ဂန်ဒန် (Gumdam) စက်ရုပ်ဇာတ်ကား၏ Theme လေးကို ယူပြီးဆွဲထားကြောင်း ဖော်ပြထားပါသည်။

ကားမိုဒယ်မည်မျှပင်ပြောင်းလဲစေကာမူ ကား၏ နောက်မီးခွက်ဝိုင်းနှစ်ခုပုံစံမှာ 1972 C110 GTR မိုဒယ်ဟောင်းမှ ယခုအထိ ပုံစံမပြောင်းဘဲ ရိုးရာမပျက်ဆက်လက်အသုံးပြုနေကြောင်းသိရပါသည်။

ကားတံခါးဖွင့်သော လက်ကိုင်များကလည်း တစ်ခြားသော ပုံစံမျိုးနှင့်ကွဲပြားစွာ လက်ကိုင်ကို အထဲသို့ဆွဲသွင်းလိုက်မှသာ ကားတံခါးပွင့်သွားပါသည်။

ဘော်ဒီအစိတ်အပိုင်းတော်တော်များများကို အလူမီနီယမ်အသားများနှင့် ပြုလုပ်ထားခြင်းကြောင့် မတော်တဆ တိုက်မိခိုက်မိပါက ပြင်ရခက်သော ကားအမျိုးအစားဖြစ်ပါသည်။

ကား၏အလေးချိန်မှာ အလူမီနီယမ်သုံးထားတာတောင် စုစုပေါင်း အလေးချိန် ၁၇၄၀ ကီလိုဂရမ်အလေးချိန်ရှိပါသည်။

ယခင်ထွက်ခဲ့သော R32 33 34 အားလုံးထက်ကို ကီလို ၂၀၀ ကျော်ခန့် ပို၍လေးပါသည်။ 

ထိုကား၏ အကြီးမားဆုံးသော အားသာချက်မှာ တာထွက်အရှိန်သာဖြစ်ပြီး ဝ-၁၀၀ ကိုရောက်ရန် ၃.၉ စက္ကန့်သာကြာကြောင်း တရားဝင်ကြေညာထားပါသည်။

နောက်ဘမ်ပါအောက်တွင် ၅ လက်မအကျယ်ရှိသော ပေါလစ်တိုက်ထားသည့် အိတ်ဇောပေါက် လေးလုံးကို ခန့်ညားစွာမြင်ရမည်ဖြစ်ပြီး ကားအရှေ့ဘမ်ပါတွင်လည်း လေဖြတ်သန်းမှု (aerodynamic) ကောင်းအောင် အတွန့်လေးများ လုပ်ထားပေးပါသည်။

အတွင်းခန်းကို ကြည့်မည်ဆိုလျှင် ရှန်မွိုင်သားခုံ သို့မဟုတ် လေသာခုံဟုဆို၍ ဂရိတ်နှစ်မျိုးရှိပါသည်။

အပြင်ကကြည့်မည်ဆိုလျှင် ကား ကြီးမားသော်လည်း အထဲတွင် နေရာအလွန်ကျယ်နေခြင်းမျိုးမရှိဘဲ ကျစ်ကျစ်လစ်လစ်ရှိပါသည်။

ဒတ်ရှ်ဘုတ်အလယ်တွင် ကားအင်ဂျင်အပူချိန်၊ ရေအပူချိန်၊ speed၊ APM စသည်တို့ကိုပြဥည့် multifunction display (MFC) ကို တွေ့ရမည်ဖြစ်ပါသည်။

R34 GTR တည်းက MFD ပါတယ်ဆိုသော်လည်း ယခုကားတွင် User interface ကို တာဝန်ယူဒီဇိုင်းဆွဲပေးသည်က ကားဂိမ်းဆော့သည့်သူတိုင်းသိသော Granturismo team က တာဝန်ယူဆွဲပေးထားခြင်းဖြစ်ပါသည်။

ဂရိတ်နှင့်မိုဒယ်ကို လိုက်ပြီး ကွဲလွဲသည်လေးများ အနည်းငယ်ရှိပြီး အကြမ်းအားဖြင့် ထုတ်လုပ်သည့်ခုနှစ်မိုဒယ်အပြင် ရိုးရိုးဂရိတ်နှင့် Black Edition ဟူဆို၍ နှစ်မျိုးကွဲထွက်သွားပါသည်။


Black Edition ၏ထူးခြားချက်မှာ နောက်စပွိုင်လာ ဘလိတ်ပြားက ကာဗွန်ပြားဖြစ်သွားခြင်း၊ ရှေ့မီးသီးများက auto ချိန်ပေးသော HID မီးသီးဖြစ်ပြီး နောက်မီးသီးမှာ LED ဖြစ်ခြင်း၊ ဘေးမှန်များတွင် ရေငွေမရိုက်အောင် အော်တိုအပူပေးသည့်စနစ်နှင့် ဘေးမှန်များက အော်တို ခေါက်သည့်စနစ်ပါလာခြင်းများဖြစ်ပါသည်။

 

Read 15314 times