ပြောင်းလဲထားသောကမ္ဘာ့အလန်းဆုံးရဲကား GT-R ကို Nissan ထုတ်ဖော်ပြသ


GT-RကိုGodzillaဟုခေါ်လေ့ရှိသောR35GT-RကိုCopzillaဟုနာမည်ပြောင်းပေးထားပါသည်။ ဂျပန်ကားကုမ္ပဏီမှာCopzillaကိုစတင်ပြသသွားသော်လည်းနိုင်ငံတကာရဲတပ်ဖွဲ့ကိုလက်တွေ့ရောင်းချပေးရန်အစီအစဉ်ရှိမရှိတိတိကျကျဖော်ပြခြင်းမရှိသေးပါ။

အဝေးပြေးလမ်းယာဉ်ထိန်းရဲများအသုံးပြုရန်နှင့် မြန်နှုန်းမြင့်မြင့်မောင်းနှင်ထွက်ပြေးသည့်ရာဇဝတ်သားများကို အမီလိုက်ရန်အတွက် Copzilla မှအကောင်းဆုံးကူညီနိုင်မည်ဟု Nissan မှညွှန်းထားသည်။

ရဲကားများတွင်အသုံးပြုလေ့ရှိသည့်အနီနှင့်အပြာရောင်အရေးပေါ်အချက်ပြမီးများကိုလည်းထင်ထင်ရှုားရှားတပ်ဆင်ထားပါသည်။

ယင်းကားတွင် ၂၂ လက်မဘီးခွေများတပ်ဆင်ထားပြီး မူရင်း GT-R ထက်ကိုယ်ထည်အနည်းငယ်ပိုမြင့်ပါသည်။

ထိုကားမှာ Twin-Turbo နည်းပညာသုံး 3.8-liter V6 အင်ဂျင်ကိုတပ်ဆင်ထားပြီး မြင်းကောင်ရေ ၅၆၂ ကောင်စာစက်အားကိုထုတ်ပေးနိုင်ပါသည်။

အကျိုးဆက်အနေဖြင့်ယင်းရဲကားမှာ ရပ်ထားသည့်နေရာမှ တစ်နာရီမိုင် ၆၀ နှုန်းကို ၂.၇ စက္ကန့်အတွင်းအရှိန်မြှင့်နိုင်ပြီး အမြင့်ဆုံးမြန်နှုန်းတစ်နာရီ ၁၉၈ မိုင်ထိမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

Nissan နယူူးယောက်ကားပြပွဲတွင် Codzilla အပြင်လက်မ ၂၀ အလူမီနီယမ်ဘီးခွေများ၊ ကာဘွန်ဖိုင်ဘာနောက်မြီးများနှင့် Nismo မှကူညီချိန်ညှိပေးသည့် Suspension စနစ်ပါရှိသည့် GT-R Track Edition အသစ်ကိုပါထုတ်ဖော်ပြသသွားခဲ့ပါသည်။

 

Read 3753 times