ယခင်ထက် စွမ်းအင်ပမာဏ ပိုများပြီး အောက်ခံထည်ဖွဲ့စည်းပုံလည်း ထူးခြားကွဲပြားသော GT3 RS ပြိုင်ကားသစ်


ဂျာမနီနိုင်ငံ၏ ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Porsche သည် နာမည်ကျော် Porsche 911 ပြိုင်ကား၏ စွမ်းဆောင်ရည်မြင့်ဗားရှင်းဟုဆိုရမည့် 911 GT3 ပြိုင်ကားမိုဒယ်ကို ၁၉၉၉ ခုနှစ်ကတည်းက မိတ်ဆက်ထုတ်လုပ်ခဲ့ပါသည်။

၂ဝ၁၅ ခုနှစ်မှာ GT3 ကို အခြေခံထားသော 911 မျိုးဆက် GT3 RS မိုဒယ်အဖြစ် သိသိသာသာ အဆင့်မြှင့်တင်မွမ်းမံခဲ့ပါသည်။ ၂ဝ၁၈ ခုနှစ် အစောပိုင်းမှာလည်း နောက်ဆုံးပေါ် GT3 မိုဒယ်အဖြစ် 911.2 မျိုးဆက်

GT3 RS မိုဒယ်သစ်ကို ထပ်တိုးအဆင့်မြှင့်တင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်၏ ဂျီနီဗာကားပြပွဲကြီးတွင် တရားဝင်ပွဲထုတ်မိတ်ဆက်ခဲ့ပါသည်။

၂ဝ၁၇ ခုနှစ် အစောပိုင်းကတည်းက နမူနာပုံစံအဖြစ် အများသုံးလမ်းပေါ်တွင် ပွဲထုတ် မောင်းနှင်ပြသဖူးသော GT3 RS သည် GT3 ကိုသာ အဓိက အခြေခံထားသောကြောင့် လုံးဝ

မိုဒယ်အသစ်တစ်ခုမဟုတ်သော်လည်း ကားအတွင်းရော အပြင်ကိုယ်ထည်ကိုပါ ခပ်ပါးပါးလေးပြောင်းလဲမွမ်းမံထားပါသည်။ ထို့အပြင် ယခင်ထက် စွမ်းအင်ပမာဏ ပိုများပြီး အောက်ခံထည်ဖွဲ့စည်းပုံလည်း

ထူးခြားကွဲပြားသော GT3 RS ပြိုင်ကားသစ်သည် ပြိုင်ပွဲပြေးလမ်းထက်မှာ ပိုပြီးဖျတ်လတ်မြန်ဆန်ပါသည်။

2018 Porsche 911 GT3 RS ပြိုင်ကားသစ်အတွက် ကြိုတင်အမှာစာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ လက်ခံနေပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၁၈၇,၅ဝဝ နှင့်အထက် ဖြစ်ပါသည်။ ဥရောပမှာတော့ ဧပြီလလယ်မှ စတင်ရောင်းချခဲ့ပြီး ယူရို ၁၉၅,၁၃၇ နှင့်အထက် ဈေးသတ်မှတ်ထားပါသည်။ လက်ရှိပြိုင်ကားဈေးကွက်တွင် Porsche 911 GT3 RS နှင့် အဓိကပြိုင်ဘက်များကတော့ Lamborghini Huracan Performante ၊ Mercedes-AMG GT နှင့် Ferrari 488 Pista တို့ကဲ့သို့ အဆင့်မြင့်ပြိုင်ကားများသာဖြစ်ပါသည်။

တံခါးနှစ်ပေါက်ပြိုင်ကားသစ်လေး 911 GT3 RS ၏ ကိုယ်ထည်ပုံစံသည် GT3 မိုဒယ်ကိုသာ အခြေခံထားခြင်းကြောင့် သိပ်ပြီးထူးခြားကွဲပြားတာမျိုးမရှိဘဲ ခပ်ပါးပါးလေးပဲ ပြောင်းလဲသွားပြီး ၂ဝ၁၈ မိုဒယ်အတွက် ခပ်တောက်တောက်အစိမ်းရောင်ကဲ့သို့ ကိုယ်ထည်အရောင်သစ်များကို ထပ်တိုးထည့်သွင်းထားပါသည်။ ထို့အပြင် ကားကိုယ်ထည်ဘေးဘက်က Side Skirt ပေါ်တွင် ခေတ်ဟောင်းပုံစံ အနက်ရောင် အစင်းလိုင်းအောက်ခံနှင့် GT3 RS စာလုံးကြီးများ ရေးခြယ်ပေးထားခြင်းမှာလည်း GT3 RS မိုဒယ်သစ်၏ ထူးခြားချက်တစ်ခုသာဖြစ်ပါသည်။

အသစ်မွမ်းမံထားသော ကားရှေ့ မျက်နှာစာသည် GT3 မိုဒယ်နှင့် ခပ်ဆင်ဆင်တူပြီး မြေဝပ်အား ကောင်းမွန်စေရန် တပ်ဆင်ပေးထားသည့် အနောက်ဘက် လေပင့်အားထိန်းတောင်ပံနှင့် Side Skirt မှာ 911 GT3 RS နှင့် ပိုဆင်ပါသည်။ ကားကိုယ်ထည်မှာ ပထမဆုံး အမြင်အာရုံကိုဖမ်းစားနိုင်သည့်အရာမှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က ပွဲထုတ်မိတ်ဆက်ခဲ့သော ရိုးရိုး 911 GT3 မိုဒယ်ကဲ့သို့ ကားရှေ့ဘမ်ပါပုံစံသာဖြစ်ပါသည်။

အပြင်အဆင်သစ်တွေအနေဖြင့် လေခွင်းအား ဒီဇိုင်းသစ်များ၊ အရွယ်အစားကြီးမားသော လေစုပ်ပေါက်များနှင့် သိသာပေါ်လွင်သော Front Splitter များကို ထပ်တိုးတပ်ဆင်ထားပါသည်။ ကားအရှေ့ အလယ်ပိုင်း ဧရိယာနှင့် ကားရှေ့မီးဒီဇိုင်းသည် ယခင်က GT3 မိုဒယ်နှင့် ခပ်ဆင်ဆင်တူနေသေးသော်လည်း ပလတ်စတစ်မှန်ဘီလူးအောက်က မီးများမှာ ထူးခြားကွဲပြားပါသည်။

ရိုးရိုး GT3 မိုဒယ်နှင့် ထူးခြားကွဲပြားသော နောက်ထပ်အချက်တစ်ခုမှာ ကားနောက်ဖုံးစွန်းပေါ်က NACA Duct များဖြစ်ပြီး ကားဘေးဘက်တွင် GT 3 RS ကားသစ်သည် အရင်မိုဒယ်နှင့် သိပ်မကွာခြားလှပေ။

Side Skirtသည် နည်းနည်းပိုထူပြီး အနောက်ဘက်ဘီးခုံးဧရိယာက လေစုပ်ပေါက်များ၏ အနားသတ်သည် ပိုပြီးကြီးမားထူထဲသလို ကားအနောက်ဘမ်ပါက လေစုပ်ပေါက်များသည်လည်း ပိုပြီးရှည်သွယ်ပါသည်။

Twin-five-spoke ဒီဇိုင်း ကားဘီးသစ်များကလည်း GT3 RS ၏ မူလရုပ်ထွက်ကို မပြောင်းလဲစေဘဲ ကားအနောက်ဘက်တွင် ပုံမှန် 911 မိုဒယ်၏ ကားနောက်မီးဒီဇိုင်းကိုသာ ထပ်တိုးမွမ်းမံတပ်ဆင်ထားသော်လည်း အနောက်ဘက် လေပင့်အားထိန်းတောင်ပံကတော့ ခပ်ပါးပါးလေး ကွဲပြားပါသည်။ ကားအနောက်ဘက်စွန်း၏ အလယ်တည့်တည့်မှာ တပ်ဆင်ထားသော အိပ်ဇောပိုက်ဒီဇိုင်းသည် ယခင်မိုဒယ်နှင့် ဆင်တူသော်လည်း

လေစုပ်ပေါက်သစ်များနှင့် Diffuser ပုံစံမှာ ယခက်ထက် ပိုကြည့်ကောင်းပါသည်။

GT3 RS ပြိုင်ကားသစ်မှာ ကားကိုယ်ထည် အလေးချိန်လျော့နည်းရန်အတွက် ကားအရှေ့ဘက်စွန်း၊ ကားခေါင်မိုး၊ အနောက်ဘက် လေပင့်အားထိန်းတောင်ပံနှင့် ကားမှန်အထိုင်ခွက်တို့ကို ကာဗွန်ဖိုင်ဘာသားများနှင့် ဖန်တီးထားပြီး တခြားစိတ်ဝင်စားစရာ ဒီဇိုင်း အပြင်အဆင်များ ထပ်တိုးပါဝင်သော Weissach Package ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါသည်။

နောက်ဘီးယက်စနစ်သုံး 911 GT3 RS ပြိုင်ကားသစ်တွင် မြင်းကောင်ရေ ၅၂ဝ အား 4.0 Liter Flat-six အင်ဂျင်ကို Porsche Doppelkupplung ဂီယာခုနစ်ချက်နှင့် တွဲဖက်တပ်ဆင်ပေးထားပြီး ယခင်ထက် မြင်းကောင်ရေ နှစ်ဆယ်အား ပိုများပြားပါသည်။ ကား၏ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၁၉၃ မိုင်နှုန်းဖြစ်ပြီး သုံးစက္ကန့်အတွင်းမှာ သုညမိုင်မှ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်း ရောက်အောင် အရှိန်မြှင့်တင်နိုင်ပါသည်။ ထိုနှုန်းထားသည် ယခင်ထက်ပိုပြီးမြန်ဆန်ပါသည်။ နှစ်ယောက်စီး ကားအတွင်းခန်းသည်လည်း နောက်ဆုံးထွက်ရှိထားသော GT3 မိုဒယ်ကိုသာ အခြေခံထားခြင်းကြောင့် အများကြီး ထူးခြားပြောင်းလဲမသွားဘဲ Alcantara လို အဆင့်မြင့်အသုံးအဆောင်များ အသုံးပြုထားပြီး GT3 RS အမှတ်တံဆိပ် လိုဂိုစာသားများ တပ်ဆင်ပေးထားပါသည်။

 

Read 803 times