တရုတ်နိုင်ငံအခြေစိုက်ကားကုမ္ပဏီဖြစ်သော GAC motor ကထုတ်လုပ်သော ၂၀၁၇ မော်ဒယ်GS5 Super အက်စ်ယူဗီယာကားအမျိုးအစားမှာ All around Intelligent Safety Driving Assistant System ပါရှိသောကြောင့် ယာဉ်ဒ ပတ်လည်တွင်ရှိသောအန္တရာယ်ဖြစ်နိုင်သောအနေအထားများကို အလိုအလျောက် ကြိုတင်ကာကွယ်ပေးနိုင်သည့်အတွက် လုံခြုံစိတ်ချရမှုမြင့်မားစေပါသည်။
၂၀၁၇ မော်ဒယ် GAC Motor ၏ GS5 super အသစ်စက်စက်ကားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၃၈၈၈ ဖြစ်ပါသည်။
ဝယ်ယူသူများအနေဖြင့် ငါးနှစ်(သို့မဟုတ်) ကီလိုတစ်သိန်းအာမခံရရှိမည်ဖြစ်သည်။
အင်ဂျင်မှာ 1.8 L တာဘိုအင်ဂျင်ဖြစ်ပြီး လောင်စာအဖြစ်အောက်တိန်းကိုအသုံးပြုပါသည်။
အင်ဂျင်စွမ်းဆောင်ရည်မှာ 5250 rpm တွင် မြင်းကောင်ရေ 177 hp ရှိပြီး ရုန်းအားအနေဖြင့် 1700rpm မှာ 242 N.M ရှိပါသည်။
DCT ဂီယာခုနှစ်ချက်ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ပြီး ဆလင်ဒါလေးလုံးထိုး အင်လိုင်းအမျိုးအစား၊ DOHC အင်ဂျင်ဖြစ်ပါသည်။
GS,GB,GE နှင့် GT ဟူ၍ ဂရိတ်လေးမျိုးခွဲခြားထုတ်လုပ်ထားသည်ဟုသိရသည်။
ဂရိတ်ပေါ်မူတည်ပြီး ပါဝင်သောပစ္စည်းအမျိုးအစာကွဲပြားနိုင်ပါသည်။
ယာဉ်ရဲ့တည်ဆောက်ပုံမှာ ခံ့ညားသည့် အက်စ်ယူဗီကိုယ်ထည်ကို လေးခွင်းအားကောင်းစေသော ဒီဇိုင်း အသွင်အဖြစ်နှင့် ပုံဖော်ထားပါသည်။
ယာဉ်နောက်ပိုင်းအချက်ပြမီး တွေမှာ အယ်လ်အီးဒီမီးလုံးတွေဖြစ်ပြီး ဒေးအလိုက်မီးလုံးတွေပါရှိပါသည်။
စပီကာခြောက်လုံးပါရှိသည့် အဆင့်မြင့် အသံစနစ်ဖြစ်ပြီး စီဒီပလေရာ အော်ဒီယိုနှင့် ဗီဒီယိုစနစ်တွေနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
MP3, USB, Bluetooth တို့ဖြင့်လည်းချိတ်ဆက်အသုံးပြုနိုင်ပါသည်။
အော်တိုစတီယာရင်စနစ်ဖြစ်ပြီး စတီယာရင်လက်ကိုင်ကိုလည်သာနှင့် ဖုန်းအုပ်ထားသည်။
လည်သာထိုင်ခုံတွေကိုစိတ်ကြိုက်အနေအထားချိန်ညှီနိုင်သော ပါဝါစနစ်ဖြစ်သည်။
အော်တိုအဲကွန်းစနစ်ဖြစ်ပြီး နှစ်လမ်းသွားအအေးပေးစနစ်ပါရှိမည်ဖြစ်သည်။]
Power Sunroof ပါရှိသည့်အတွက်သဘာဝအလင်းရောင်နှင့် သဘာဝလေနုအေးကိုခံစားနိုင်မည်ဖြစ်သည်။
အဆင့်မြင့် ဘရိတ်စနစ်ပါရှိသည့်အတွက်လုံခြုံစိတ်ချစေရပါသည်။
သတ်မှတ်အမြန်နှုန်းနှင့် အလိုအလျောက်မောင်နှင်နိုင်သည့် Cruise Control ၊ အလိုအလျောက် ပါကင်ထိုးနိုင်အောင် ကူညီပေးသည့် Parking Sensor နှင့် Rear View Camera System တို့ပါရှိပါသည်။
ပတ်လည်အသက်ကယ်လေအိတ်စနစ်လည်းပါရှိပါသည်။