GS Yuasa လျှပ်စစ်ကားဘက်ထရီ အဓိကထား ထုတ်လုပ်မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဂျပန်ဘက်ထရီထုတ်လုပ်သူ GS Yuasa သည် လာမည့်နှစ်အစောပိုင်းတွင် ဟိုက်ဘရစ်ကားများအတွက် ဘက်ထရီ ထုတ်လုပ်ခြင်းအပြင် လျှပ်စစ်ကားစစ်စစ်များအတွက်လည်း ဘက်ထရီများ အဓိကထားပြီး ထုတ်လုပ်ခြင်းကို နောက်နှစ်တွင် စတင်တော့မည် ဖြစ်သည်။
Yuasa
Yuasa ကို ၁၉၀၉ တွင် ဂျပန်နိုင်ငံတွင် Shichizaemon Yuasa က မိသားစု၏ ၁၆၆၆ တွင် ထူထောင်ခဲ့သည့် မီးသွေးလုပ်ငန်းကို Yuasa Iron Works အဖြစ် ထူထောင်ခဲ့သည်။ ၁၉၁၅ တွင် ဘက်ထရီများ စတင်ထုတ်လုပ်သည်။ ၁၉၁၈ တွင် Yuasa Storage Battery Co., Ltd ကို ထူထောင်လိုက်ပြီး မော်တော်ယာဉ်သုံး ဘက်ထရီများကို ဂျပန်နိုင်ငံတွင် ပထမဆုံး ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်ခဲ့သည်။ ၁၉၄၁ တွင် အယ်ကလိုင်းဘက်ထရီများ စတင်ထုတ်လုပ်သည်။ ဘက်ထရီအခြောက်ထုတ်လုပ်သည့် အပိုင်းကို Yuasa Dry Battery Co., Ltd ဟု ကုမ္ပဏီ ခွဲထုတ်ခဲ့သည်။ ထို့နောက် Yuasa Storage Battery Co., Ltd နှင့် ပြန်လည်ပေါင်းစည်းပြီး ကုမ္ပဏီကို Yuasa Battery Co, Ltd ဟု အမည်ခေါ်တွင်ခဲ့သည်။ ထို့နောက် Yuasa Corporation ဟု အမည်ပြောင်းလဲခဲ့သည်။
GS
၁၉၀၄ တွင် ဂျပန်နိုင်ငံမှာ Genzo Shimadzu က ခဲအက်ဆစ်ဘက်ထရီကို သူ့စက်ရုံမှာ မီးပျက်သည့်အခါ သုံးဖို့ ထုတ်လုပ်ခဲ့သည်။ ဂျပန်ရေတပ်နှင့် အချိတ်အဆက် ရရှိခဲ့ပြီး ဘက်ထရီ အလုံး ၄၀၀ ရောင်းချခဲ့သည်။ ၁၉၁၇ တွင် Japan Storage Battery Co. ကို ထူထောင်လိုက်ပြီး မော်တော်ယာဉ်သုံး ဘက်ထရီများ စတင် ထုတ်လုပ်သည်။
ဘက်ထရီ brand ကို Genzou Shimadzu အမည် အတိုကောက် GS ဟု အမည်ပေးသည်။
GS Yuasa
၂၀၀၄ တွင် Yuasa Corporation နှင်ြ Japan Storage Battery ပေါင်းစည်းပြီး GS Yuasa Corporation ကို ထူထောင်လိုက်ကြသည်။
GS Yuasa သည် မော်တော်ယာဉ်သုံး အက်စစ်-ခဲ ဘက်ထရီတွင် နာမည်ရပြီးသား ထုတ်လုပ်သူ ဖြစ်ပြီး လစ်သီယမ်-အိုင်ယွန် ဘက်ထရီများကိုလည်း ဟိုက်ဘရစ်နှင့် လျှပ်စစ်ကားစစ်စစ်များအတွက် အထိုက်အလျောက် ထုတ်လုပ်သည်။
GS Yuasa သည် လွန်ခဲ့သော ၁၀ နှစ်ကျော်က Mitsubishi (Lithium Energy Japan) နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ခဲ့ပြီး Mitsubishi i-MiEV နှင့် Mitsubishi Outlander PHEV တို့အတွက် လစ်သီယမ်-အိုင်ယွန် ဘက်ထရီများ ထုတ်လုပ်သည်။
(MiEV သည် Mitsubishi innovative Electric Vehicle ကို ဆိုလိုပါသည်။ PHEV သည် Plug-In Hybrid Electric Vehicle ကို ဆိုလိုပါသည်)
GS Yuasa သည် Honda (Blue Energy) နှင့်လည်း ဖက်စပ်လုပ်ငန်း ထူထောင်ထားပါသည်။
GS Yuasa သည် ၂၀၀၉ မှစ၍ လစ်သီယမ်-အိုင်ယွန် ဘက်ထရီ ခုရေ ၁.၄ သန်း ထုတ်လုပ်ခဲ့ပြီးပြီ ဖြစ်ပါသည်။
ယခုအခါ လျှပ်စစ်ကားစစ်စစ်များအတွက် ဘက်ထရီများကို အဓိကထား ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
Source insideevs
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U