၂၀၂၂ ပထမ ၆လ လျှပ်စစ်မော်တော်ယာဉ် ရောင်းအား VW လုပ်ငန်းစု  ထုတ်ပြန်ကြေညာ


၂၀၂၂ ပထမ ၆လ လျှပ်စစ်မော်တော်ယာဉ် ရောင်းအား VW လုပ်ငန်းစု  ထုတ်ပြန်ကြေညာ

 

ဂျာမနီနိုင်ငံ အခြေစိုက် Volkswagen Group ဘက်ထရီ လျှပ်စစ်မော်တော်ယာဉ်  battery electric vehicle (BEV)  ၂၀၂၂ ခုနှစ် ပထမနှစ်ဝက် ရောင်းအားစီးရေကို သောကြာနေ့ (ဇူလိုင် ၁၅) တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။၊ ယမန်နှစ် ပထမနှစ်ဝက် ရောင်းအားထက် ၂၇% ပိုများကြောင့် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကာလအတွင်း BEV စီးရေ ၂၁၇,၁၀၀ ရောင်းချခဲ့ရပါတယ်။ ယမန်နှစ် ပထမနှစ်ဝက်မှာ စီးရေ ၁၇၀,၉၀၀ ရောင်းချခဲ့ပါတယ်။ 

ပစ္စည်းပေးသွင်းကွင်းဆက်များ မမောက်ကမ ဖြစ်နေတဲ့ကြားမှာ ဥရောပနှင့် တရုတ်ပြည်ရှိ ၎င်းရဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများ ယာယီ ပိတ်ထားရတဲ့ ရက်တွေ ရှိခဲ့ပေမဲ့လည်း ယခုလို ရောင်းရစီးရေ ပိုများလာခဲ့တာဖြစ်ပါတယ်။ 

၂၀၂၂ ပထမနှစ်ဝက်မှာ Volkswagen Group စုစုပေါင်းရောင်းအားရဲ့ ၅.၆ % ဟာ  BEV  များ ဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်ရင်  ယမန်နှစ် ပထမနှစ်ဝက်မှာ BEV ရောင်းအားဝေစုက ၃.၄ % ရှိခဲ့ပါတယ်။ 

Volkswagen Group ရဲ့  BEV ရောင်းအားကို ကားမော်ဒယ်များအရကြည့်ရင် -

လူကြိုက်အများဆုံးက ID.4  ဖြစ်ပြီး စီးရေ ၆၆,၈၀၀ ရောင်းရပါတယ်။ 

ဒုတိယနေရာမှာ ရှိနေတဲ့ ID.3 စီးရေ ၂၆,၀၀၀ ရောင်းချရပါတယ်။ 

တတိယနေရာမှာ Audi e-tron ရှိနေပြီး စီးရေ ၂၄,၇၀၀ ရောင်းချရပါတယ်။

ပဉ္စမနေရာမှာာ Porsche Taycan က စီးရေ ၁၈,၉၀၀ ရောင်းချရပါတယ်။ 

ဆဌမနေရာမှာ Audi Q4 e-tron  ရှိနေပြီး စီးရေ ၁၈,၂၀၀ ရောင်းချရပါတယ်။ 

Volkswagen Group ရဲ့  BEV ရောင်းအားကို ဈေးကွက်အလိုက် ကြည့်ရင် -

Volkswagen Group ရဲ့  BEV များအတွက် အကြီးမားဆုံး ဈေးကွက်က ဥရောပဈေးကွက်ဖြစ်ပြီး BEV စီးရေ ၁၂၈,၀၀၀ ရောင်းချခဲ့ပါတယ်။ 

ဒုတိယအကြီးမားဆုံးဈေးကွက်က တရုတ်ပြည်တွင်းဈေးကွက် ဖြစ်ပြီး စီးရေ ၆၃၅,၀၀၀ ရောင်းချခဲ့ပါတယ်။ ထူးခြားချက်က ၂၀၂၁ ပထမနှစ်ဝက်ထက် ရောင်းရစီးရေ  ၂၄၇% တိုး ခဲ့တာ ဖြစ်ပါတယ်။ 

အမေရိကန် ဈေးကွက်မှာတော့ VW  နေရာရဖို့ အများကြီး လိုနေပါသေးတယ်။ ၂၀၂၂ ဇန်နဝါရီလမှ ဇွန်လအထိ ကာလအတွင်း စီးရေ ၁၇,၀၀၀ မျှသာ ရောင်းချခဲ့ပါတယ်။ 

စိတ်ဝင်တစား ရှိကြတဲ့ မေးခွန်းက Tesla ရောင်းအားကို VW  က ကျော်တက်သွားနိုင်သလား ဆိုတာ ဖြစ်ပါတယ်။ VW စီအီးအို Herbert Diess က ၂၀၂၅ မှာ ကမ္ဘာ့ BEV ရောင်းအားမှာ Tesla ရဲ့ ရောင်းရစီးရေထက် VWရဲ့ BEV တွေရဲ့ ရောင်းရစီးရေ ပိုများဖို့ ရည်မှန်းထားပါတယ်။ လျှပ်စစ်ကားစစ်စစ်တွေကိုသာ ထုတ်လုပ်တဲ့ Tesla က ၂၀၂၂ ပထမနှစ်ဝက်မှာ စီးရေ ၅၆၄, ၇၄၃ ရောင်းရပါတယ်။  Volkswagen Group ရဲ့ BEV မော်ဒယ်အားလုံး Brand အားလုံး ရောင်းအားက ၁၇၀,၉၀၀ ဖြစ်တာကြောင့် အများကြီး နည်းနေပါသေးတယ်။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Source:driveteslacanada

 

လူကြိုက်အများဆုံးက ID.4  ဖြစ်ပြီး စီးရေ ၆၆,၈၀၀ ရောင်းရပါတယ်

ဒုတိယနေရာမှာ ရှိနေတဲ့ ID.3 စီးရေ ၂၆,၀၀၀ ရောင်းချရပါတယ်။ 

တတိယနေရာမှာ Audi e-tron ရှိနေပြီး စီးရေ ၂၄,၇၀၀ ရောင်းချရပါတယ်။

စတုတ္ထနေရာ ŠKODA Enyaq iV  က စီးရေ  ၂၂,၂၀၀ ရောင်းချခဲ့ပါတယ်။

ပဉ္စမနေရာမှာ ရှိနေတဲ့  Porsche Taycan က စီးရေ ၁၈,၉၀၀ ရောင်းချရပါတယ်။

ဆဌမနေရာမှာ Audi Q4 e-tron  ရှိနေပြီး စီးရေ ၁၈,၂၀၀ ရောင်းချရပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Read 2028 times