Great Wall Motors  ဘရာဇီးတွင် အီသနော ပစ်ကပ် ထုတ်လုပ်မည်


Great Wall Motors  ဘရာဇီးတွင် အီသနော ပစ်ကပ် ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


  
မကြာသေးမီက Great Wall Motors (GWM) သည် Iracemápolis စက်ရုံကို အဆင့်မြှင့်တင်ရန်အတွက် ဘရာဇီးရှိ São Paulo ပြည်နယ်အစိုးရနှင့် စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ စက်ရုံသည် ဘရာဇီးနိုင်ငံ၏ ပထမဆုံးသော စွမ်းအင်သစ်သုံး ကားစက်ရုံ ဖြစ်လာမည်ဖြစ်သည်။
ဟိုက်ဘရစ်၊ ဟိုက်ဒရိုဂျင်နှင့် လျှပ်စစ်ကားများအထူးပြု ထုတ်လုပ်မည်ဖြစ်သည်။
တစ်နှစ်လျှင် ကားအစီးရေ ၁ သိန်းအထိ ထုတ်လုပ်နိုင်စေရန်အတွက် ယခုနှစ် ပထမနှစ်ဝက်တွင် အဆင့်မြှင့်တင်မှု စတင်မည်ဖြစ်သည်။

စက်ရုံသစ်သည် ၂၀၂၄ ခုနှစ် မေလ ၁ ရက် အလုပ်သမားနေ့တွင် တရားဝင် စတင်လည်ပတ်နိုင်မည်ဟု မျှော်မှန်းထားသည်။
အလုပ်အကိုင် ၂,၀၀၀ ရရှိမည်။

 GWM သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် Daimler Group ထံမှ Iracemápolis စက်ရုံကို ဝယ်ယူခဲ့သည်။

ထို့အပြင် GWM သည် လာမည့် ၁၀ နှစ်အတွင်း ဘရာဇီးလ်တွင် ၎င်း၏လုပ်ငန်းဆောင်ရွက်မှုအတွက် ဘရာဇီးလ် နိုင်ငံသုံးငွေ ဟေအောင်း
၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

 Iracemápolis စက်ရုံသည် ကမ္ဘာပေါ်တွင် GWM ၏ စတုတ္ထအကြီးဆုံး ထုတ်လုပ်မှုအခြေစိုက်စခန်းအဖြစ်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ဘရာဇီးပြည်တွင်းဈေးကွက်နှင့် လက်တင်အမေရိက စွမ်းအင်သစ်သုံးကားဈေးကွက်နှစ်ခုလုံးသို့ ကားများ ပေးပို့မည်။

ဟိုက်ဘရစ် Flex-fuel ပစ်ကပ် ထရပ်ကားသည် ဘရာဇီးလ်ဈေးကွက်အတွက် စက်ရုံတွင် ပထမဆုံးထုတ်လုပ်မည့် ကားဖြစ်သည်။

Flex-fuel သည် ဓာတ်ဆီတွင် အီသနော ရောနှောထားသော လောင်စာဆီဖြစ်သည်။ ဘရာဇီးသည် ကြံမှ သကြား အမြောက်အမြား ဈထုတ်လုပ်သည့်အပြင် သကြားစက်တိုင်းသည် အီသနောကိုလည်း ကြံရည်မှ ထုတ်လုပ်ရောင်းချကြသည်။ 
အီသနော ရောထားသော ဓာတ်ဆီဖြင့် မောင်းနှင်သော ကားများအပြင် အီသနော ရာနှုန်းပြည့်ဖြင့် မောင်းနှင်နိုင်သော ကားများလည်း ရှိသည်။ 
သို့ဖြစ်ရာ အီသနောဖြင့် မောင်းနိုင်မှ အဆင်ပြေမည်။ 

GWM သည် လက်ရှိတွင် hybrid flex-fuel ထရပ်ကားကို တီထွင်ထုတ်လုပ်ပြီး စမ်းသပ်နေသည်။
အီသနောဖြင့် မောင်းနှင်နိုင်သော ပလပ်ထိုး ဟိုက်ဘရစ်ကားများ ဖြစ်မှသာ ဘရာဇီးကားဈေးကွက်တွင် အံဝင်ခွင်ကျ ဖြစ်မည်ဟု GWM က ပြောကြားသည်။

အီသနောမှ ဟိုက်ဒရိုဂျင်ကားများသို့ ကူးပြောင်းမည် ဖြစ်ပြီး အီသနောကို ဟိုက်ဒရိုဂျင်သို့ စီးပွားဖြစ် ပြောင်းလဲပေးနိုင်ဖို့ကိုလည်း လုပ်ဆောင်နေကြပြီဖြစ်သည်။

သကြားစက်များသည် သကြား၊ အီသနောတို့အပြင် အီသနောမှ ဟိုက်ဒရိုဂျင် ထုတ်လုပ်ခြင်းကိုလည်း တွက်ခြေကိုက်မည်ဆိုပါက တိုးချဲ့ လုပ်ကိုင်ရန် အသင့်ရှိကြသည်။
Source: Sohu
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 178 times