ဂရိတ်ဝေါ အီးဗီမော်ဒယ် ၈ ခု ထိုင်းမှာ ထုတ်လုပ်မည်


ဂရိတ်ဝေါ အီးဗီမော်ဒယ် ၈ ခု ထိုင်းမှာ ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံတွင် အီးဗီ များဝယ်လိုအား အရှိန်တက်နေပြီး  ယခုနှစ်အတွင်း စုစုပေါင်း အီးဗီ ရောင်းအား အစီးရေ ၇ သောင်း ရှိမည်ဟု ခန့်မှန်းထားသည်။ နောက်နှစ်တွင် အစီးရေ ၁ သိန်း ရောင်းချရန် မျှော်မှန်းထားသည်။

တရုတ်နိုင်ငံမှ မော်တော်ကားထုတ်လုပ်သူ Great Wall Motor (GWM) သည် လာမည့်နှစ် ပထမသုံးလပတ်တွင် ထိုင်းနိုင်ငံ ရယောင်မြို့ရှိ ၎င်း၏စက်ရုံတွင် လျှပ်စစ်ကား မော်ဒယ် ရှစ်မျိုး စတင်ထုတ်လုပ်ရန် စီစဉ်နေသည်။

ထိုင်းနိုင်ငံ၌ ပထမဆုံးထုတ်လုပ်မည့် မော်ဒယ်မှာ အရွယ်အစား ငယ်သော Ora Good Cat ဖြစ်ကြောင်း Great Wall Motor (Thailand) မှ မန်နေးဂျင်း ဒါရိုက်တာ Narong Sritalayon က ပြောသည်။

GWM သည် ထိုင်းတွင် Ora Good Cat အစီးရေ ၈,၅၀၀ ရောင်းချခဲ့သည်။ Haval SUV အစီးရေ ၁၅,၀၀၀ ရောင်းချခဲ့သည်။
ယခုအခါ လမ်းကြမ်းမောင်းသည့် Tank ကို စတင်ရောင်းချသည်။

GWM သည် ပြည်တွင်း၌ ရောင်းချရန်နှင့် ပြည်ပတင်ပို့ရန်အတွက် အီးဗီများကို ထိုင်းနိုင်ငံမှာ ထုတ်လုပ်ရန် စီစဉ်နေသည်။

GWM သည် အရှေ့စီးပွားရေးစင်္ကြံ (EEC)တွင် တည်ရှိသော အီးဗီ စက်ရုံ တစ်ရုံ၊ အီးဗီ အားသွင်းရုံများ၊ အရောင်းပြခန်းများနှင့် သု/ဖွံ့စင်တာတို့အတွက် ဘတ် ၂၂.၆ ဘီလီယံ သုံးစွဲခဲ့သည်။


GWM သည် ယခုနှစ်တွင် အရောင်းပြခန်းများ ၇၈ ခုအထိ ဖွင့်လှစ်မည်။ အားသွင်းရုံများကို ဧရိယာ ၅၅ ခုအထိ ကွန်ရက်ဖြန့်ကျက်မည်။


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1029 times