Great Wall နေရောင်ခြည်စွမ်းအင်သုံး  အမြန်အားသွင်းရုံ


Great Wall နေရောင်ခြည်စွမ်းအင်သုံး  အမြန်အားသွင်းရုံ

TO GET INSTANT UPDATE 
https://t.me/Guid4U
Join Telegram Channel


ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် နေရောင်ခြည်စွမ်းအင်သုံး  160 kW DC အမြန်အားသွင်းရုံများကို  Great Wall Motor GWM က တည်ဆောက်ပေးထားးသည်။
၎င်းဆိုလာပါဝါ အားသွင်းရုံကို G-Charge Supercharging ဟု အမည်ပေးထားပြီး တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ၇ ရက် ဝန်ဆောင်မှု ပေးပါသည်။ 
DC fast-charging အမျိုးအစားဖြစ်ပြီး 160 kW အထိ ထုတ်ပေးပါသည်။ DC အားသွင်းစက် ၃ လုံးဖြင့် CCS Type 2 ၆ လိုင်း ထုတ်ပေးထားပါသည်။
G-Charge Supercharging အားသွင်းရုံများကို  ထိုင်းနိုင်ငံမှ Provincial Electricity Authority (PEA) လုပ်ငန်းခွဲတစ်ခုဖြစ်သည့် PEA ENCOM International Company Limited နှင့် အတူ ပူးပေါင်းပြီး ရင်းနှီးမြုပ်နှံ လုပ်ကိုင်ပါသည်။
G-Charge Supercharging အားသွင်းရုံများသည် solar panel များ တပ်ဆင်ထားပြီး အများသုံး အီးဗီ အမြန်အားသွင်းရုံ အကြီးစား ဖြစ်ပါသည်။
47.8 kWh ဘက်ထရီကို ၃၀% မှ ၈၀% သို့ အားသွင်းရန် ၃၂ မိနစ်ကြာပါသည်။
 63.1 kWh ဘက်ထရီကို ၃၀% မှ ၈၀% သို့ အားသွင်းရန် မိနစ် ၄၀ ကြာပါသည်။
Great Wall Ora Good Cat များကို အခမဲ့ အားသွင်းပေးပါသည်။
.
GWM သည် ထိုင်းနိုင်ငံတွင် အားသွင်းရုံ ၁၀၀ ကျော်ကို ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးထားပြီး တည်ဆောက်မည် ဖြစ်ပါသည်။
G-Charge ကို အုပ်စု ၃ မျိုး ခွဲခြားထားသည်။
.
ပထမအုပ်စုမှာ 160 kW Supercharging အားသွင်းရုံများ ဖြစ်ပါသည်။
.
ဒုတိယအုပ်စုမှာ DC Fast Charge အားသွင်းပွိုင့်များဖြစ်ပြီး GWMနှင့် မိတ်ဖက်ပြုထားသော စတိုးဆိုင်များတွင် ထားရှိသည်။
.
တတိယအုပ်စုမှာ ဟိုတယ်များ၊ ကုန်တိုက်များတွင် ထားရှိသည့် အားသွင်းရုံများ ဖြစ်သည်။
.
“ဒီအမြန်အားသွင်းစခန်းကို ဖွင့်လှစ်တာဟာ အီးဗီ တွေကို [စဉ်ဆက်မပြတ်] မြှင့်တင်ဖို့ အခိုင်အမာ ကတိကဝတ်ပြုထားတာအတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု အစပြုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Mission 9 in 3 မဟာဗျူဟာနှင့်အညီ ၃ နှစ်အတွင်း ထိုင်းနိုင်ငံမှာ  xEV  မော်ဒယ် ၉ ခုကို ထုတ်လုပ်ပါမယ်။ အီးဗီ အသိုက်အဝန်း ရေရှည်တည်တံ့အောင် ပံ့ပိုးကူညီမှုအနေဖြင့်  ထိုင်းနိုင်ငံတစ်ဝှမ်းမှာ အားသွင်းစခန်းကွန်ရက်ကို တိုးချဲ့သွားရန် စီစဉ်ထားပါတယ်” ဟု Great Wall အာဆီယံနှင့် ထိုင်း ဒုဥက္ကဋ္ဌ စတီဗင်ဝမ်က ပြောကြားသည်။
Source paultan
TO GET INSTANT UPDATE 
https://t.me/Guid4U
Join Telegram Channel

Read 359 times