ဗီယက်နမ် Grab ညွှန်ချုပ် နုတ်ထွက်
Grab Vietnam ရဲ့ အကြီးအကဲ ညွှန်ချုပ် Nguyen Thai Hai Van က ဧပြီလကုန်တွင် အလုပ်မှနုတ်ထွက်တော့မယ်ဆိုတာကို မတ်လ ၁၁ ရက်မှာ ကျင်းပခဲ့တဲ့ ကုမ္ပဏီတွင်း အစည်းအဝေးမှာ ဝန်ထမ်းများကို အသိပေး ပြောကြားခဲ့ပါတယ်။
ဘယ်သူက လွှဲပြောင်းတာဝန်ယူမလဲဆိုတာ မသိရသေးပါဘူး။
Nguyen Thai Hai Van က Grab ကို ၂၀၁၉ ခုနှစ်မှာ အလုပ်ဝင်ခဲ့ပါတယ်။ ယခင်က Unilever Vietnam မှာ လုပ်သက် ၁၇ နှစ် ရှိခဲ့ပါတယ်။
Grab Vietnam ရဲ့ညွှန်ချုပ်Jerry Limက စင်ကာပူမှာ ပြောင်းရွှေ့လုပ်ကိုင်တဲ့အခါမှာ Nguyen Thai Hai Van ကို ၂၀၂၀ ဖေဖော်ဝါရီလမှာ ညွှန်ချုပ်ရာထူးသို့ ရာထူးတိုးမြှင့် ခန့်အပ်ခဲ့ပါတယ်။ ယခု ၂ နှစ်အကြာမှာ Nguyen Thai Hai Van က နုတ်ထွက်တာ ဖြစ်ပါတယ်။
မတ်လ ၁၀ ရက်မှာ ဓာတ်ဆီဈေးတက်တာကြောင့် ယာဉ်ငှားရမ်းခနှုန်းထားများ အကုန်လုံးကို တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
GrabCar ကားငှားခ နှုန်းထားက ၂ ကီလိုမီတာကို ၄ ယောက်စီး ကားဆိုရင် ဗီယက်နမ်ဒေါင် ၂,၀၀၀(ကန်ဒေါ်လာ ၀.၀၉) မှ ဒေါင် ဖြစ်ပြီး ၇ ယောက်စီး ကားဆိုရင် ဒေါင် ၃၄,၀၀၀ လို့ ဟနွိုင်မြို့နှင့် ဟိုချီမင်းစီးတီး တို့မှာ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။
၂ ကီလိုမီတာအထက်မှာ ၁ ကီလိုမီတာကို ဒေါင် ၅၀၀ တိုးပြီး ဒေါင် ၁၀,၀၀၀ လို့ သတ်မှတ်ပါတယ်။
GrabCar ငှားရမ်းခကို အခြားမြို့များ၊ ပြည်နယ်များမှာ ပထမ ၂ ကီလိုမီတာကို ဒေါင် ၂,၀၀၀ မှ ၂,၅၀၀ သို့ တိုးမြှင့်ပြီး ၂ ကီလိုမီတာအထက် ၁ ကီလိုမီတာကို ဒေါင် ၆၀၀ တိုးပါတယ်။
မော်တော်ဆိုင်ကယ် ငှားရမ်းခ ၊ ပစ္စည်းပို့ခ များကိုလည်း ပထမ ၂ ကီလိုမီတာကို ဒေါင် ၁၂,၅၀၀ မှ ၁၃,၅၀၀ သို့ တိုးမြှင့်ပြီး ၂ ကီလိုမီတာအထက် ၁ ကီလိုမီတာကို ဒေါင် ၄,၃၀၀ သတ်မှတ်ပါတယ်။
ဓာတ်ဆီဈေးတက်လို့ ယခုလို တိုးမြှင့်သတ်မှတ်ရပါကြောင်း Grab Vietnam က ထုတ်ပြန်ကြေညာပါတယ်။
ဗီယက်နမ်မှာ ဓာတ်ဆီဈေးနှုန်းက လူသုံးများတဲ့ RON 95 ၁ လီတာ ဒေါင် ၂၆,၈၃၀ ဖြစ်ပြီး ဘိုင်အိုစက်သုံးဆီ E5 RON 92 က ၁ လီတာ ဒေါင် ၂၆,၀၇၀ ဖြစ်ပါတယ်။ မတ်လ ၁ ရက်မှာ အစိုးရက သတ်မှတ်တဲ့ဈေးနှုန်းများ ဖြစ်ပြီး ၃ လတာအတွင်း ဆဌမအကြိမ်မြောက် ဈေးတက်တာ ဖြစ်ပါတယ်။
၂၀၂၀ နှစ်ကုန်ပိုင်းမှာ အစိုးရက တန်ဖိုးဖြည့်ထည့် ဝန်ဆောင်မှုတွေကို အခွန် ၃% အစား ၁၀% တိုးမြှင့်ကောက်ခံခဲ့လို့ Grab Vietnam က ကားငှားရမ်းခ တိုးမြှင့်သတ်မှတ်ခဲ့ဖူးပါတယ်။