Grab Thailand က ယာဉ်မောင်းများ အီးဗီ ပိုင်ဆိုင်‌နိုင်စေရန် Drive-to-Own အစီအစဉ် စတင်မည်


Grab Thailand က ယာဉ်မောင်းများ အီးဗီ ပိုင်ဆိုင်‌နိုင်စေရန် Drive-to-Own အစီအစဉ် စတင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Grab Thailand သည် ၎င်း၏ ယာဉ်မောင်းများလျှပ်စစ်ကား ပိုင်ဆိုင်နိုင်ရန်  ငှားရမ်းခြင်း အစီအစဉ်ကို ပံ့ပိုးပေးမည် ဖြစ်သည်။

၎င်းအစီအစဉ်တွင် အီးဗီကဏ္ဍမှ လုပ်ငန်း ၇ ခု ဖြစ်သည့်
• BYD (Rêver Automotive)
• H SEM Motor 
• STROM
• Swap & Go
• EV Station PluZ
• Auto Drive EV
• Moove
တို့ ပူးပေါင်းပါဝင်ထားကြသည်။ 


Grab Thailand ၏ အကြီးအကဲ Worachat Luxkanalode က ကုမ္ပဏီသည် ယာဉ်မောင်းနှင့် ပစ္စည်း လိုက်လံပို့ဆောင်ပေးသည့် မိတ်ဖက်များကြားတွင် လျှပ်စစ်ကားများ လက်ခံကျင့်သုံးမှုကို အားပေးသည့် 'Grab EV' အစီအစဉ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း တနင်္လာနေ့ (အောက်တိုဘာ ၃၀)တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းအစီအစဉ်အရ Grab ၏ မိတ်ဖက်များအတွက် ၂၀၂၅ မတိုင်ခင် အီးဗီ အစီးရေ ၈,၀၀၀ စီစဉ်ပေးမည်။ ၂၀၂၆ တွင် Grab Thailand နှင့် လက်တွဲထားသော ကားများတွင် အနည်းဆုံး ၁၀% သည် အီးဗီများ ဖြစ်မည်။ 

အီးဗီ ဝယ်ဖို့ ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုး ဖြစ်နေရခြင်းကို ကူညီပံ့ပိုးပေးမည့် အစီအစဉ်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် စတင်မည်။

အီးဗီဖြင့် တက္ကဆီဆွဲလိုသော ယာဉ်မောင်းများကို နေ့စဉ်အရစ်ကျ ပေးသွင်းသည့်စနစ်ဖြင့် စီစဉ်ပေးမည် ဖြစ်ပြီး ပေးသွင်းရမည့် ပမာဏသည် တနေ့တာ ရရှိသည့် ဝင်ငွေအပေါ် အခြေခံထားသည်။

အိမ်တိုင်ရာရောက် ပစ္စည်းပို့သူများ၊ စားစရာ ပို့သူများကို လျှပ်စစ်မော်တော်ဆိုင်ကယ် ငှားရမ်းပေးမည်။ အနည်းဆုံး ငှာရမ်းခမှာ တရက် ၁၂၅ ဘတ် ဖြစ်ပါသည်။

 ပထမအဆင့်ကို ဘန်ကောက်တွင် စတင်မည်။ ထိုင်းနိုင်ငံတဝှမ်းရှိ ပတ္တယား၊ ဖူးခက်၊ ချင်းမိုင်နှင့် Khon Kaen အပါအဝင် အခြားမြို့ကြီးများသို့ မကြာမီ တိုးချဲ့သွားမည်ဖြစ်သည်။

Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 708 times