ရန်ကုန်မြို့တွင် စတင်မိတ်ဆက်လိုက်သည့် Grab Taxi


ရန်ကုန်မြို့ရှိအငှားယာဉ်အသုံးပြုသူများအဆင်ပြေစေရန်Grab Taxiဝန်ဆောင်မှုစတင်စမ်းသပ် ပြေးဆွဲနေပြီ ဖြစ်ကြောင်း Grab ၏အငှားယာဉ်ဝန်ဆောင်မှုစတင်စမ်းသပ်ခြင်း သတင်းစာရှင်းလင်းပွဲမှသိရသည်။

Grab သည်အရှေ့တောင်အာရှ၏ အကြီးဆုံးအငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ရှိ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် လုံခြုံစိတ်ချစွာစီးနင်းနိုင်မည်ဖြစ်သည်။

အကြမ်းဖျင်းအားဖြင့် ယာဉ်စီးခတစ်ကီလိုမီတာလျှင် ငွေကျပ် ၃၀၀ ကောက်ခံမည်ဖြစ်ပြီး Basic ငွေကျပ် ၂၀၀၀ ယူပါသည်။

Application မှာ Share-my-ride ဟုဆိုသောဝန်ဆောင်မှုထည့်ထားပါသည်။

ယင်းဝန်ဆောင်မှုမှာ လိုက်ပါစီးနင်းမည့်သူများ မိမိရောက်ရှိနေသောနေရာကို သူငယ်ချင်းများ၊ မိသားစုဝင်များ GPS မှတစ်ဆင့်သိနေရမည်ဖြစ်သောကြောင့်လုံခြုံစိတ်ချရမှုရှိစေပါသည်။

Grab ၏ Taxi ဝန်ဆောင်မှုကိုရန်ကုန်မြို့တွင် ယာဉ်အစီးရေ ၅၀ ဖြင့်စတင်စမ်းသပ်ပြေးဆွဲမည်ဖြစ်ပြီး ၂၄ နာရီဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့ရှိအငှားယာဉ်ငှားရမ်းစီးနင်းသူများအနေဖြင့် Grab Taxi ဝန်ဆောင်မှုဖြင့် စီးနင်းမည်ဆိုပါက Grab မိုဘိုင်းလ်  Application ကို Download ဆွဲကာ Sign up ပြုလုပ်ထားရမည်ဖြစ်ပြီး ယင်း Application မှခရီးသည်ရှာနေသည့်အငှားယာဉ်များကိုခေါ်ယူကမိမိသွားလိုသောနေရာအားApplicationတွင်ရွေးချယ်ရမည် ဖြစ်ပြီး သတ်မှတ်ကျသင့်ငွေကို လက်ငင်းငွေချေစနစ်ဖြင့် ပေးချေ၍ စီးနင်းနိုင်မည်ဖြစ်သည်။

စီးနင်းသူများအနေဖြင့် Application များကို Google Playနှင့် App Store မှ Grab Application ကိုအခမဲ့ရယူနိုင်ပြီး Grab ၏ ဝက်ဘ်ဆိုက် www.grab.com/mm တွင်လည်းဝင်ရောက်စာရင်းပေးသွင်းနိုင်ပြီး စားရင်းပေးသွင်းပြီးပါက SMS ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။

Read 3750 times