မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး တက္ကစီဝန်ဆောင်မှုဖြစ်တဲ့ Grab ဟာ ပြုပြင်ပြောင်းလဲမှု တစ်ခုအနေနဲ့ စင်ကာပူနိုင်ငံမှာ လျှပ်စစ်ကား အစီး(၂၀၀)နဲ့ စတင်ပြေးဆွဲမှာဖြစ်ပြီး ရှေ့ပြေးဝန်ဆောင်မှုတစ်ခုဖြစ်လာပါတယ်။
Grab က ဟွန်းဒိုင်းအမျိုးအစား လျှပ်စစ်ကားအစီး(၂၀၀)ဝယ်ခဲ့ပြီး ပထမဆုံးအနေနဲ့ အစီး(၂၀)ကို လမ်းမထက်မှာ ဝန်ဆောင်မှုစပေးမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကိုတော့ Grab ရဲ့ ဥက္ကဌ ကန်ယောင်မင်က ‘ကျွန်တော်တို့ဟာ ဒီကား(၂၀၀)နဲ့ စင်ကာပူရဲ့ အကြီးဆုံးသော လျှပ်စစ်ကားဝန်ဆောင်မှုကို စပေးမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို လျှပ်စစ်
ကားနဲ့ ရင်းရင်းနှီးနှီး ဖြစ်စေဖို့ လာမယ့် သောကြာနေ့က စမိတ်ဆက်တော့မှာပါ’လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီလို ဝန်ဆောင်မှုပေးနိုင်တာဟာ စင်ကာပူနိုင်ငံရဲ့ အမြန်ဓာတ်အားပေးစနစ် ((SP) fast-charging network) ရှိလို့ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
မြန်ဆန်မှုနှုန်းကတော့ နာရီဝက်အားသွင်းတာနဲ့ကားရဲ့ ဘက်ထရီ(၈၀)ရာခိုင်နှုန်းလောက်ကို လုံလောက်တဲ့အထိ စွမ်းအင်ပေးနိုင်မှာပါ။
Grabကဝန်ဆောင်မှုပေးတဲ့ကားကအားအပြည့်သွင်းထားရင်(၄၀၀)ကီလိုမီတာ(၂၄၈)မိုင်အထိမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
အကယ်လို့ ဒီကားစနစ်သာအောင်မြင်သွားရင်ဆီဖိုးနေ့စဉ်ကုန်ကျမှုရဲ့ (၇၀)ရာခိုင်နှုန်းက သက်သာသွားမှာဖြစ်လို့ စစချင်းမှာပဲ ယာဉ်မောင်း (၁၀၀)လောက်အထိ လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။
အကြောင်းကတော့ယာဉ်ငှားခတစ်နေ့ကိုဒေါ်လာ(၈၀)ပဲကျမှာဖြစ်လို့စင်ကာပူကGrab ယာဉ်မောင်းတွေအတွက် လုံးဝမျက်စိကျစရာဖြစ်နေတာပါ။
Grab ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတော်တော်များများမှာတော့ ဒီစနစ်ဟာဖြစ်လာဖို့ စောလွန်းနေလွန်းပြီး မဖြစ်နိုင်သေးတာက အမြန်ဓာတ်အားပေးစနစ် ပြဿနာကြောင့်ဆိုတာလည်း ရှင်းပြသွားခဲ့ပါတယ်။
Source:Logistics Directory
Related Item:ကလေးနည်းပညာတက္ကသိုလ်ကျောင်းသားများ ပထမဆုံးတီထွင်လိုက်သည့် ဆိုလာစနစ်သုံးကား