Grab ယာဉ်တွင်း အသံဖမ်းစနစ် စတင်စမ်းသပ်သုံးစွဲ


Grab ယာဉ်တွင်း အသံဖမ်းစနစ် စတင်စမ်းသပ်သုံးစွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Grab သည် 'AudioProtect' ဟုခေါ်သည့် လုံခြုံရေးအင်္ဂါရပ်အသစ်ကို စတင်စမ်းသပ်သုံးစွဲပါသည်။

 လုပ်ဆောင်ချက်အသစ်သည် ခရီးသည်နှင့် ယာဉ်မောင်းတို့သည် အသံဖမ်းရန် နှစ်ဦးနှစ်ဘက် သဘောတူ ခွင့်ပြုပါက  Grab တက္ကဆီ စီးနင်းနေစဉ် Grab အက်ပ်မှတစ်ဆင့် ၎င်းတို့၏ ဖုန်းများတွင် တောက်လျှောက်အသံဖမ်းယူနိုင်မည် ဖြစ်သည်။


 


 ခရီးသည်နှင့် ယာဉ်မောင်းသည် Grab အက်ပ်ရှိ ၎င်းတို့၏ အကောင့်လုံခြုံရေးဆက်တင်တွင် AudioProtect ကို ဖွင့်ရမည် ဖြစ်ပါသည်။

စီးနင်းမှု စတင်သောအခါတွင် ခရီးသည်သည် အသံဖမ်း မှတ်တမ်းတင်ခြင်းစတင်ပြီဖြစ်ကြောင်း ညွှန်ပြသည်ကို Grab တွင် 'AudioProtect- On' ကို မြင်တွေ့ရမည်ဖြစ်သည်။

AudioProtect ကို တစ်ကြိမ်စဖွင့်ပြီးသည်နှင့်၊ ၎င်းခရီးသည် သို့မဟုတ် ယာဉ်မောင်းဖြစ်သူက အဆိုပါအင်္ဂါရပ်ကို ဖွင့်ထားပါက နောက်နောင်စီးနင်းမှုများ အားလုံးတွင်လည်း အသံဖမ်းမည် ဖြစ်သည်။
အသံဖမ်းခြင်းကို ပိတ်လိုပါက စီးနင်းမှုမစတင်မီ အချိန်မရွေး ပိတ်နိုင်သည်။

ဝန်ဆောင်မှုအသစ်ကို မတ်လ 21 ရက်၊ 2023 ခုနှစ်မှ စတင်၍ စမ်းသပ်သုံးစွဲပါသည်။

အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ မပေါက်ကြားရေးကို လုံခြုံစွာကာကွယ်ထားကြောင်း သေချာစေရန် အသံဖိုင်များကို ကုဒ်ဝှက် encrypted ဖြင့် ဖုန်းတွင် အလိုအလျောက် သိမ်းဆည်းပေးထားမည်။ 

 


 လုံခြုံရေးနှင့်ပတ်သက်သည့် အဖြစ်အပျက်ကို အထွေအထူး အကြောင်းကြား အသိပေးခြင်းမရှိပါက အလိုအလျောက်ဖျက်မခံရမီ ငါးရက်အလိုတွင် ၎င်းတို့၏ စက်များတွင် မှတ်တမ်းတင်ထားသော အသံဖိုင်များကို ကုဒ်ဝှက်ပြီး သိမ်းဆည်းထားသည်။ ၎င်းအသံ ဖိုင်များကို ခရီးသည် သို့မဟုတ် ယာဉ်မောင်းက ဝင်ကြည့်၍ မရပါ။
Grab ၏ လုံခြုံရေးအဖွဲ့မှသာ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး လုံခြုံရေးနှင့်ပတ်သက်သော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့မှသာလျှင် Grab ၏ လုံခြုံရေးအဖွဲ့မှ အသံဖိုင်ကို ရယူမည် ဖြစ်သည်။
လုံခြုံရေးဆိုင်ရာ အဖြစ်အပျက် ဖြစ်ပွားခဲ့ကြောင်းကို သတင်းမပို့ပါက ဖုန်းထဲတွင် အကြာဆုံး ၅ ရက်အထိသာ သိမ်းပေးထားမည်ဖြစ်ပြီး အလိုအလျောက် ဖျက်ပေးမည် ဖြစ်သည်။

Grab တရားဝင် ဝဘ်စာမျက်နှာလင့်

https://www.grab.com/my/campaign/added-safety-on-your-grab-rides-with-audioprotect-beta/
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 277 times