မူဝါဒကြောင့်မရောင်းရဲမဝယ်ရဲဖြစ်နေသည့်ရန်ကုန်ကားဈေးကွက်အခြေအနေ


 

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ရာတင်သွင်းခြင်းမူဝါဒများကို ပို့ဆောင်ရေးဝန်ကြီးဌာနမှ ချမှတ်မည်ဖြစ်ပြီး လာမည့်နှစ်မှစ၍ ဖရီးပါမစ်ကားများသာမက စလစ်ကပ်ကားများကိုပါ ဘယ်မောင်းတစ်မျိုးတည်းတင်သွင်းခွင့်ပေးရန်ရှိနေသည်။

လာမည့်နှစ်မှစ၍ စလစ်ကပ်ကားများတင်သွင်းရာတွင် ဘယ်မောင်းကားများကိုသာခွင့်ပြုပေးမည်ဟုသတင်း များထွက်ပေါ်လာပြီး နောက်ပိုင်းတွင်လည်းရောက်ရှိပြီးသားကားများမှာ အဝယ်လိုက်နေကြောင်းသိရသည်။

ထို့ပြင်ယခုရက်ပိုင်းတွင်လည်းလေလံများပြန်လည်ဆွဲ၍ ဝယ်ယူလာကြသဖြင့်စလစ်ဈေးလည်းပြန်လည် မြင့်တက်သွားကြောင်းသိရသည်။

အထူးသဖြင့်ဈေးကွက်အတွင်းအင်ဂျင်ပါဝါ ၁၃၀၀ စီစီကားလေးများအရောင်းအဝယ်ဖြစ်လာကြောင်းသိရသည်။

သက်တမ်း ၁၀ နှစ်ကျော်သည့်ရန်ကုန်လိုင်စင်ကားများကို နယ်ပို့မည်၊ သက်တမ်းနှစ် ၂၀ ကျော်သည့်ကားများကို နယ်ပို့မည်ဆိုသည့်သတင်းများသည်ပြီးခဲ့သည့်နှစ်ကတည်းက ထွက်ပေါ်နေသော်လည်း COE စနစ်ကျင့်သုံးမှသာနှစ်ကန့်သတ်၍ရမည်ဖြစ်ကြောင်းသိရသည်။

ထွက်ပေါ်နေသည့်သတင်းများအပေါ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှအတည်မပြုသေးသော်လည်း နှစ်နှစ်ဆယ်နှင့်အောက်ယာဉ်ပိုင်ရှင်များကစိုးရိမ်စိတ်ဖြင့် ဈေးချပြီးရောင်းချရန်စဉ်းစားနေကြသကဲ့သို့ အဝယ်များကလည်းဒွိဟဖြစ်နေ၍ မရောင့်ရဲ၊ မဝယ်ရဲသည့်အခြေအနေမျိုးဖြစ်သည်။

ဈေးကွက်အတွင်း ၁၉၉၅ မိုဒယ် YBS ဘတ်စ်စလစ်များဝင်မလာသေးသည့်အတွက်စလစ်ဈေးများပြန်လည်မြှင့် တက်သွားကြောင်းသိရသည်။

၁၉၉၅ မိုဒယ်နှင့်အောက် YBS ဘတ်စ်အစီး ၂၆၀၀ ကျော်အပ်နှံပြီးဖြစ်သော်လည်း ဈေးကွက်အတွင်းအလုံးအရင်းဖြင့် ဝင်မလာသေးသောကြောင့် ကျပ်သိန်းကိုးဆယ်ဝန်းကျင်အထိ ကျဆင်းခဲ့ရာနှစ်နှစ်ဆယ်စလစ်ဈေးမှာကျပ်သိန်းတစ်ရာဝန်းကျင်ပြန်လည်ရောက်ရှိသွားခဲ့သည်။

ယခုရက်ပိုင်းအတွင်းသက်တမ်းနှစ်နှစ်ဆယ်စလစ်သည် ကျပ်သိန်းတစ်ရာဝန်းကျင်အထိဈေးမြင့်တက်သွားသကဲ့သို့ အပ်ကားရှားပါးသည့်တက္ကစီစလစ်များသည် ကျပ်သိန်း ၁၁၀ ဝန်းကျင်ထိမြင့်တက်သွားကြောင်းသိရသည်။

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် ဈေးနှုန်း
၁ Honda Fit ယာယီ 2012 170
၂ Toyota Wish YGN 2004 250
၃ Toyota Kluger YGN 2004 380
၎ Toyota Vitz ယာယီ 2011 165
၅ Suzuki Swift ယာယီ 2011 165
၆ Honda Civic YGN 2009 220
၇ Toyota Hilux Vigo MDY 2010 245
၈ Nissan Juke MDY 2011 330
၉ Mitsubishi RVR MDY 2010 370
၁၀ Honda Insight MDY 2010 195

 

Read 1593 times