Goodyear က အသံလုံ တာယာအမျိုးအစားအသစ် ထုတ်လုပ်


Goodyear က အသံလုံ တာယာအမျိုးအစားအသစ် ထုတ်လုပ်

Goodyear Tire & Rubber Company က တာယာအမျိုးအစားအသစ် ထုတ်လုပ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။ လျှပ်စစ်ကားများအတွက် အကောင်းဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။ 
ElectricDrive GT လို့ အမည်ပေးထားတဲ့ တာယာအသစ်က လမ်းသားကို ကုတ်အား၊ စတီယာရင် ထိန်းကျောင်းသည့်နောက်သို့ လိုက်ပါနိုင်စွမ်း၊ ထိရောက်အကျိုးရှိစေမှု အင်္ဂါ ၃ ရပ်ကို ဟန်ချက်ညီညီ ထုတ်လုပ်ထားပါတယ်။

လျှပ်စစ်မော်တော်ယာဉ်တွေအတွက် တာယာနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုက လျှပ်စစ်ကားတွေက စက်သံမထွက်တော့ အတော်တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေတဲ့အတွက် တာယာသံကို သတိပြုမိစေတယ်။
တဗျတ်ဗျတ်မြည်နေတတ်တဲ့ တာယာသံ မဆူညံအောင် Goodyear က ElectricDrive GT ကို SoundComfort နည်းပညာသုံးပြီး ထုတ်လုပ်ထားပါတယ်။ 
SoundComfort Technology® က တာယာကို အသံလုံအောင် လုပ်ပေးထားလို့ ခြေသံလုံလုံဖြင့် လမ်းလျှောက်တဲ့အခါ ‌ေြခသံမကြားရသလောက် ဖြစ်နေတဲ့အတိုင်း တာယာက လမ်းသားပေါ်မှာ အသံလုံလုံ ဖြင့် လိမ့်နေစေပါတယ်။

ElectricDrive GT ကို ၂၀၂၂ မှာ ဈေးကွက်ထဲ တင်ပို့မှာ ဖြစ်ပြီး အရွယ်အစားက 255/45R19  ဖြစ်ပါတယ်။ Tesla Model Y နဲ့ Model 3 တို့မှာ တပ်ဆင်ဖို့ အဆင်ပြေတယ်လို့ ဆိုပါတယ်။

255/45R19
အချင်း 28.0"  ဗြက်  10.0" ဘီးခွေ  19" x 8-9.5"

 

Read 1794 times