Gojek က စင်ကာပူမှာ ကော်မရှင် တဝက်လျှော့ယူ


Gojek က စင်ကာပူမှာ ၂၀၁၇ ခုနှစ်မှာ ရုံးစတင် ထားရှိခဲ့ပါတယ်။ တက္ကဆီ အငှားဝန်ဆောင်မှု လုပ်ငန်း Uber က အရှေ့တောင်အာရှမှ ထွက်ခွာသွားပြီးတဲ့နောက်မှာ Gojek က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး ဒေသတွင်း တိုးချဲ့မှု စတင်ခဲ့ပြီး စင်ကာပူမှာ တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်၊ 

တက္ကဆီအငှားဝန်ဆောင်မှုလုပ်ငန်း Gojek က ယာဉ်မောင်းများထံမှ ရယူနေတဲ့ ကော်မရှင် ရာခိုင်နှုန်းကို ၂၀% အစား တဝက်လျှော့ပြီး ၁၀% သာ ယူတော့မယ်လို့ ဇွန်လက ကြေညာခဲ့ပါတယ်။
ကိုဗစ်ကာလမှာ ယာဉ်မောင်းတွေ ၁၀% ပိုရအောင် ဖြစ်ပြီး နောက်နှစ်အထိ တဝက်လျှော့ယူမယ်လို့ Gojek ရဲ့ စင်ကာပူ အထွေထွေမန်နေဂျာ  Lien Choong Luen က ပြောပါတယ်။
စင်းလုံးကားအငှား ဝန်ဆောင်မှုနှင့် တက္ကဆီခေါ်ပေးတဲ့ ဝန်ဆောင်မှုတို့အပြင် အဓိကပြိုင်ဘက် Grab နည်းတူ စားစရာ။ ချက်ပြုတ်စရာ ပေးပို့တဲ့ ဝန်ဆောင်မှုများ၊ ငွေကြေးဝန်ဆောင်မှု အစရှိတဲ့ ဝန်ဆောင်မှုများကို Gojek ရဲ့ မိခင်နိုင်ငံ အင်ဒိုနီးရှားမှာ လုပ်ကိုင်လျက် ရှိပေမဲ့ စင်ကာပူမှာတော့ စတင်လုပ်ကိုင်ဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ Gojek  က စင်ကာပူကိုအဆိုပါ ဝန်ဆောင်မှုများ လုပ်ကိုင်ဖို့ ခြေလှမ်းစပြင်ခဲ့ပြီး ဈေးကွက် အခြေအနေများကို ဆန်းစစ်သုံးသပ်ခဲ့ပါတယ်။ 

ယခုနှစ် မေလမှာ အင်ဒိုနီးရှားမှ e-commerce လုပ်ငန်း Tokopedia နဲ့ ပေါင်းစည်းခဲ့ပါတယ်။၊ 

Gojek က ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုကို အဆုံးသတ်ခဲ့ပါတယ်။ မလေးရှားမှ AirAsia က ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေတဲ့ Gojek ရဲ့ လုပ်ငန်းကို ဝယ်ယူဖို့ ကမ်းလှမ်းလာတာကို လက်ခံသဘောတူလိုက်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ Gojek က ဗီယက်နမ်နဲ့ စင်ကာပူ ဈေးကွက်များကို ဆက်လက် လုပ်ကိုင်လျက် ရှိပါတယ်။ 

 စင်ကာပူမှာ တက္ကဆီခေါ်ပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ လာရောက်လုပ်ကိုင်ကြပြီး ပြန်ထွက်သွားခဲ့ကြတယ်။ ယခုအခါ လုပ်ငန်း ငါးခု ကျန်ရှိပါတယ်။ Grab, ComfortDelGro, Tada , Ryde, Gojek  တို့ ဖြစ်ပါတယ်။ 

CNA

Read 357 times