GMC Hummers ပြင်ပပေါက်ဈေးက စက်ရုံထုတ်ဈေးထက်ဒေါ်လာ ၁ သိန်းကျော်  ပိုများနေ


GMC Hummers ပြင်ပပေါက်ဈေးက စက်ရုံထုတ်ဈေးထက်ဒေါ်လာ ၁ သိန်းကျော်  ပိုများနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စက်ရုံထုတ် GMC Hummer EV များ နှစ်နှစ်ကျော်အထိ   ရောင်းထားပြီးပြီဖြစ်သည်။
ဝယ်ယူလိုသည့်စီးရေနှင့် ထုတ်လုပ်သည့်စီးရေ အချိုးချလျှင် ၁၀၀ : ၁ နီးပါး ဖြစ်နေသော GMC Hummers  လျှပ်စစ်ထရပ်ပစ်ကပ် ကားဈေးနှုန်းသည် ပြင်ပပေါက်ဈေးသည် ဒေါ်လာ ၁ သိန်းကျော် စက်ရုံထုတ်ဈေးထက် ပိုများနေသည်။

ထူးခြားချက်အဖြစ် "ကဏန်းမုဒ် "Crab Mode" ပါဝင်သည့် ပါဝါ 1,000 hps အထိ ထုတ်ပေးနိုင်သော GMC Hummer ပစ်ကပ်ထရပ် အီးဗီသည် ခရီးတာ မိုင် ၃၅၀ အထိ သွားနိုင်သည်။ 

ယခုနှစ် မတ်လကုန်တွင် Hummer EV ပစ်ကပ်နှင့် SUV အတွက် ကြိုတင်မှာယူမှု စီးရေ ၆၅,၀၀၀ ရှိကြောင်း GMC မှ ပြောကြားခဲ့သည်။
ယခုမှာကြားလျှင် အစောဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်ကျမှ ကားရမည်။

 GM က စီးရေတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသည်။
 လက်ရှိတွင် GM ၏  Factory Zero စက်ရုံတွင် လျှပ်စစ်ကား Hummer များကို ထုတ်လုပ်နေသည်။
Orion Township Assembly Plant စက်ရုံအသစ်သည် များမကြာခင်မှာ ပင်ကိုမောင်းနှင် စွမ်းရည်ပါသည့် မော်ဒယ်များ ဖြစ်သော  Chevrolet Silverado EV, GMC Sierra EV နှင့်  Cruise Origin တို့ကို ထုတ်လုပ်မည်။
GM က လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး တစ်နှစ်လျှင် အီးဗီစီးရေ ၆ သိန်း အထိ ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည်။
GMC သည် Hummer လစဉ် ထုတ်လုပ်သည့်စီးရေကို စက်တင်ဘာလတွင် စီးရေ ၇၀၀ တိုးမြှင့်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တက်ဘာလအထိ Hummer စီးရေ ၂,၇၅၀ ကိုသာ ထုတ်လုပ်နိုင်ခဲ့သည်။ စီးရေ အတော်နည်းနေသည်။
Hummer ထုတ်လုပ်သည့် Factory Zero ကို  စီးရေတိုးမြှင့် ထုတ်လုပ်ဖို့ အဆင့်မြှင့်တင်ရန်အတွက် နိုဝင်ဘာလတွင် ယာယီပိတ်ထားရမည်။
သို့ဖြစ်ရာ ကြန့်ကြာမှု ရှိဦးမည် ဖြစ်သည်။ 

မှာကြားသူများထံ GMC Hummer ပစ်ကပ်ထရပ် လျှပ်စစ်ကား ၇၈၃ စီးကိုသာ ပေးအပ်ခဲ့ပြီးပြီ ဖြစ်သည်။ အမှာစာ စီးရေ ၇၇,၀၀၀ ကျော်မှာ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။
Hummer ကြိုတင်မှာကြားသူများ၏ ၉၅% ဝန်းကျင်ကို ငွေကြိုသွင်းထားစေခဲ့သည်။ သို့ဖြစ်ရာ အမှာစာ ရုပ်သိမ်းဖို့ ခဲယဉ်းနေသည်။ ယခုမှ မှာကြားသူအဖို့ ၎င်းမှာကြားထားသူများ ကားရပြီးမှ မိမိအလှည့်သို့ ရောက်မည်။
သို့ဖြစ်ရာ GMC Hummer ပြင်ပပေါက်ဈေးသည် စက်ရုံထုတ်ဈေးထက် မြင့်တက်သည်။
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ကားစုဆောင်းသူများအတွက် လေလံလုပ်ငန်းက အသစ်နီးပါး ဖြစ်သော GMC Hummer ပစ်ကပ်ထရပ်  လျှပ်စစ်ကားကို ၂၀၂၂ အောက်တိုဘာလတွင် လေလံပစ်ခဲ့ရာ ကန်ဒေါ်လာ ၂၂၅,၀၀၀ ဖြင့် လေလံဆွဲခဲ့သည်။
ကားအသစ်ကျပ်ချွတ် စက်ရုံထုတ်ဈေးမှာ ကန်ဒေါ်လာ ၁၁၂,၅၉၅ ဖြစ်သည်။ 

လေလံတင်သည့် GMC Hummer ပစ်ကပ်ထရပ် အီးဗီသည် ပဉ္စမမြောက် ထုတ်လုပ်သည့် ကားဖြစ်သည်။ မိုင် ၈၀ မောင်းနှင်ထားသည်။ 

၂၀၂၂ ဇူလိုင်လတုန်းကလည်း GMC Hummer ပစ်ကပ်ထရပ် အီးဗီတစ်စီးကို လပ်ဗေးဂတ်စ်တွင် လေလံပစ်ခဲ့ဖူးသည်။ ကန်ဒေါ်လာ ၃၂၄,၅၀၀ ဖြင့် လေလံဆွဲသွားသည်။

တိုက်ကြေ GMC Hummer ပစ်ကပ်ထရပ် အီးဗီတစ်စီးကို လေလံပစ်ခဲ့ရာ လေလံဆွဲသူက ကန်ဒေါ်လာ ၆၉,၀၀၀ ပေးသည်။ ရောင်းသူ လိုချင်သည့် ကြမ်းခင်းဈေးထပ် နည်းနေသဖြင့် အရောင်းအဝယ် မဖြစ်မြောက်ခဲ့ချေ။
လေလံဝဘ်ဆိုက်အချို့တွင် ဧပြီနှင့် မေလတို့တွင် စက်ရုံထုတ်ဈေးထက် ၂.၄ ဆ ပေးပြီး လေလံဆွဲ့ခဲ့ကြသည်။
General Motors ၏ စက်ရုံက တစ်ရက်လျှင် ၁၂ စီးမျှသာ ထုတ်လုပ်သည်အထိ နှေးလွန်းနေသည်ဟု Wall Street Journal က သတင်းဖော်ပြသည်။
Verge မီဒီယာက လက်ရှိ ထုတ်လုပ်နှုန်းဖြင့် အမှာစာများကို ထုတ်လုပ်နေဦးမည်ဆိုလျှင် အမှာစာ အားလုံးကို ကားပေးအပ်ဖို့ ၁၇ နှစ်ကြာလိမ့်မည်ဟု အဖြေထုတ်သည်။
Source : autoblog, Wall Street Journal l, business insider 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 13247 times