GMC Hummer လျှပ်စစ် ပစ်ကပ် အမှာစာလက်ခံခြင်း ရပ်ဆိုင်း


 GMC Hummer လျှပ်စစ် ပစ်ကပ် အမှာစာလက်ခံခြင်း ရပ်ဆိုင်း

General Motors က  GMC Hummer လျှပ်စစ်ပစ်ကပ်နှင့် လာမည့် GMC Hummer SUV လျှပ်စစ်ကား အစီးရေ ၉၀,၀၀၀ ကျော် အမှာစာ ရရှိပြီးနောက် အမှာစာများ လက်ခံခြင်းကို ပိတ်လိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

 ကြိုတင်မှာယူမှုများကို ပိတ်လိုက်ခြင်းသည် အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ  ကားအသစ်ရဖို့ စောငိ့ကြရမည့်  လက်ရှိ မှာယူထားသောစာရင်းကို အရင်ဦးစွာ ဖြည့်ဆည်းရန်အတွက် ဖြစ်သည်။

 

 

အဆိုပါမော်တော်ယာဉ် အမှာစာများအတွက်ဘလက်ရှိရောင်းဈေးမှာ ကန်ဒေါ်လာ ၈၅,၀၀၀ မှ ကန်ဒေါ်လာ ၁၁၂,၀၀၀ အထိ ဖြစ်သည်။

GM သည် ယခုနှစ်အစောပိုင်းကတည်းက Hummer EV ပစ်ကပ်ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ခဲ့သည်။

ဇွန်လကုန်အထိ ကုမ္ပဏီသည် ကားအစီးရေ ၄၀၀ အောက်သာ ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။
 SUV ဗားရှင်းသည် ၂၀၂၃ အစောပိုင်းတွင် အရောင်းကိုယ်စားလှယ်များနှင့် ဝယ်ယူသူများထံ စတင်ရောက်ရှိမည်ဟု မျှော်လင့်ရသည်။


GMC ၏ ကမ္ဘာ့လုံးဆိုင်ရာ အကြီးအကဲ Duncan Aldred က  SUV ထုတ်လုပ်မှုတွင် GM ၏မျိုးဆက်သစ် Ultium ဘက်ထရီများနှင့် ယာဉ်ပလက်ဖောင်းအသစ်တို့ကို အသုံးပြုထားကြောင်း နှင့် SUV ထုတ်လုပ်မှုသည် ပစ်ကပ်ထက် ပိုမိုမြန်ဆန်သင့်ကြောင်း၊ ပြောကြားသည်။
Source CNBC
#MyanmarAutomobileGuide 
To join Telegram Channel  https://t.me/Guid4U

Read 2130 times