GM က တွစ်တာမှာ ကြော်ငြာ ယာယီရပ်


GM က တွစ်တာမှာ ကြော်ငြာ ယာယီရပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အမေရိကန်မှ လျှပ်စစ်ကားစစ်စစ်များကိုသာ ထုတ်လုပ်သည့် Tesla Inc ၏ စီအီးအို Elon Musk က ဆိုရှယ်မီဒီယာကုမ္ပဏီ Twitter ကို လွှဲပြောင်းရယူပြီးနောက် အမေရိကန်မှ အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း General Motors Co (GM.N) က တွစ်တာတွင် အခကြေးငွေပေးရသည့် ကြော်ငြာများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သောကြာနေ့ (အောက်တိုဘာ ၂၈)  အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
.
မီဒီယာပလက်ဖောင်းမှာ သိသာထင်ရှားသော အပြောင်းအလဲတစ်ခုကြောင့် အခပေးကြော်ငြာများကို ခေတ္တရပ်ထားပါကြောင်း GM က ထုတ်ပြန်သည်။
 ပိုင်ဆိုင်မှုအသစ်အောက်တွင် ပလက်ဖောင်း၏ ဦးတည်ချက်ကို နားလည်ရန် Twitter ကို ဆက်သွယ်မေးမြန်းထားကြောင်း ကုမ္ပဏီက ပြောကြားသည်။
.
ဒုတိယသုံးလပတ်တွင် Twitter ၏ ၀င်ငွေ၏ ၉၀% ကျော်ကို ကြော်ငြာရောင်းချခြင်းဖြင့် ရရှိခဲ့သည်။
.
Twitter သည် ကျယ်ပြန့်သော အမြင်အမျိုးမျိုးဖြင့် အကြောင်းအရာ စိစစ်ရေးကောင်စီ content moderation council ကို ဖွဲ့စည်းမည်ဟု Musk က သောကြာနေ့တွင် တွစ်တာတွင် ရေးသားခဲ့သည်။

"သင့်အမှတ်တံဆိပ်ကို အားကောင်းစေပြီး သင့်လုပ်ငန်းကို ကြီးထွားစေမည့် ကမ္ဘာပေါ်တွင် အလေးစားဆုံးသော ကြော်ငြာပလက်ဖောင်းတစ်ခု ဖြစ်လာစေရန် Twitter  မျှော်မှန်းပါသည်" ဟုလည်း ၎င်းက တွစ်တာတွင် ရေးသားခဲ့သည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1081 times