အမေရိကန်ကားဈေးကွက် GM သရဖူ ပြန်ယူ


အမေရိကန်ကားဈေးကွက် GM သရဖူ ပြန်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


General Motors သည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဈေးကွက် ကားအသစ်ရောင်းချမှုတွင် ယမန်နှစ်က သရဖူဆောင်းခဲ့တဲ့ Toyota ထံမှ သရဖူကို ပြန်လည်ရယူလိုက်ပါတယ်။

အမေရိကန်အခြေစိုက် General Motors  က ဗုဒ္ဓဟူးနေ(ဇန်-၄) မှာ ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း အမေရိကန်ကားအသစ်ဈေးကွက် ရောင်းအားကို ထုတ်ပြန်ကြေညာခဲ့ရာ ယမန်နှစ်ထက် ၂.၅% မြင့်တက်ပါတယ်။ ဂျပန်မှ Toyota Motor ရောင်းအားထက် ပိုများပါတယ်။

GM က အမေရိကန်ကားဈေးကွက်မှာ ရောင်းအားစီးရေ အများဆုံး သရဖူကို ၁၉၃၁ ခုနှစ်ကတည်းက နှစ်စဉ်နှစ်တိုင်း ရရှိနေခဲ့ရာမှ ၂၀၂၁ မှာ Toyota Motor က ပထမဆုံးအကြိမ် ရောင်းအားစီးရေ အများဆုံးဖြစ်ခဲ့ပါတယ်။
၂၀၂၂ မှာ GM က စီးရေ ၂,၂၇၄,၀၈၈ ရောင်းချခဲ့ပြီး Toyota က စီးရေ ၂,၁၀၈,၄၅၈ ရောင်းချခဲ့ပါတယ်။ 
Toyota ရဲ့ အဓိက အပိုင်းကဏ္ဍဖြစ်တဲ့ SUV ရောင်းအား ၂၀၂၂ မှာ ယမန်နှစ်ထက် ၈.၆% လျော့ကျခဲ့ပါတယ်။ Toyota က ယာဉ်ပစ္စည်း လိုသလောက်မရသည့် ပြဿနာများ ရင်ဆိုင်ခဲ့ရပြီး တစ်နှစ်တာ ထုတ်လုပ်မှုစီးရေ လျာထားချက်ကို ၂၀၂၂ မှာ လျှော့ချသတ်မှတ်ခဲ့ပါတယ်။

ကမ္ဘာ့ဈေးကွက်မှာ ရောင်းအား အများဆုံး တတိယနေရာကို ရောက်ရှိလာတဲ့ Hyundai Motor ရဲ့ Hyundai Motor America က အမေရိကန်ကားအသစ်ဈေးကွက်မှာ စီးရေ ၇၂၄,၂၆၅ ရောင်းချခဲ့ကြောင်း ၂၀၂၃ ဇန်နဝါရီလ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။ ယမန်နှစ်ထက် တစ်နှစ်တာရောင်းအား ၂% လျော့နည်းပါတယ်။ 

အမေရိကန်ကားအသစ်ဈေးကွက်မှာ ၂၀၂၂ တစ်နှစ်တာရောင်းအား စီးရေ ၁၃.၉ သန်းဝန်းကျင် ရှိခဲ့ပါတယ်။ ၂၀၂၁ ထက် ၈% လျော့နည်းပါတယ်။ အမြင့်ဆုံး ရောက်ရှိခဲ့တဲ့ ၂၀၁၆ ထက် ၂၀% လျော့နည်းပါတယ်။
Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1956 times